29 C
Yangon

မုံရွာမြို့နယ်၊ တောပုရွာမှ ပျူစောထီးများ လမ်းပေါ်ထွက်၍ ဆက်ကြေးကောက်နေစဉ် PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

မုံရွာမြို့နယ်၊ တောပုရွာမှ ပျူစောထီးများ လမ်းပေါ်ထွက်၍ ဆက်ကြေးကောက်နေစဉ် PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုရွာမှ ပျူစောထီးများ မုံရွာ -မန္တလေး လမ်းပိုင်းပေါ်တက်၍ ဆက်ကြေးကောက်နေစဉ် ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံး ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂၁ နာရီ ၅ မိနစ်အချိန်က မုံရွာမြို့နယ်၊ တောပုပျူရွာမှ ထွက်လာသော ပျူစောထီးများသည် မုံရွေးတိုးဂိတ်အနီး၌ သေနတ်များ ပစ်ဖောက်ကာ လမ်းသွား၊ လမ်းလာ ပြည်သူများထံမှ ဆက်ကြေးကောက်နေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အနီးကပ် ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

“ဘက်စုံခြံက ထွက်လာတဲ့ ဘူဒိုဇာကားတစ်စီးပါ စစ်ခွေးတွေနဲ့ပေါင်းပြီး တောပုရွာထဲကို ပြန်ဝင်သွားတာပါ၊ ပစ်ခတ်မှုဖြစ်တော့ တောပုရွာဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူး၊ ကျနော်တို့ ရဲဘော်နှစ်ဦးကတော့ ၄၀ မမ Error တက်ပြီး မစိုးရိမ် ရဒဏ်ရာရရှိခဲ့ပါတယ်။ နေအိမ် ၂ လုံးတော့ မီးရှို့သွားတယ်။” ဟု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ အနီးအနားရှိ မုံရွေးကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပြည်သူ နေအိမ် ၂ လုံးကို မီးရှို့ကာ ဘက်စုံခြံမှ ထွက်လာသည့် ဘူဒိုဇာကားတစ်ီးနှင့်အတူ တောပု ရွာ အတွင်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၂ – Black Hunter People’s Task Force ၊မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ – Youth Vigor Revolution Force၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၂၊ တပ်ခွဲ ၄ ၊ မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ ၊ မုံရွာမြို့နယ်၊ တိုက်နယ် ၁ ပလဖ- Monywa Security Force ၊ က နောင်မင်းသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အနောက်မြောက်လွင် ပြင်တော်လှန်ရေး အင်အားစု – NPRF နှင့် Black Local Defence Forceတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article