38 C
Yangon

ဖာပွန်မြို့ ခမရ ၄၃၄ နှင့် စစန ၆၄၂ တပ်ရင်းတို့ကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကာ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိ

Must read

ဖာပွန်မြို့ ခမရ ၄၃၄ နှင့် စစန ၆၄၂ တပ်ရင်းတို့ကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကာ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိ

■ ဖာပွန်တွင် စစ်တပ် တပ်ရင်း ၂ ခုနှင့် ဗျူဟာစခန်းတစ်ခု ကျန်ရှိနေသေး

ရန်ကုန်၊ ဧပြီ ၂၅

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်မြို့ အခြေစိုက် ခမရ ၄၃၄ တပ်ရင်းနှင့် စစန ၆၄၂ တပ်ရင်းတို့ကို KNLA ဦးဆောင်သော တော်လှန်ရေး တပ်များက ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း တော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်ရင်း၊ စစန ၆၄၂ ကို KNLA ၊ PDF များပါဝင်သော ပူးပေါင်း တပ်များက အလုံးစုံ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူအများအပြားရှိပြီး လက်နက်ခဲယမ်းမြောက်အမြား သိမ်းဆည်းရရှိကြောင်း ၊ KNLA-အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖာပွန် ခမရ -၄၃၄နှင့် စစန-၆၄၂(စစ်ဝတ်တန်ဆာစုဆောင်း‌ရေးဌာန) တပ်စခန်းတို့ကို တစ်ရက်တည်းအပြီးတိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့မနက်မှာ ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်ရင်းနဲ့ စစန ၆၄၂ ကို KNLA / PDF ပူးပေါင်းတပ်တွေက အလုံးစုံ သိမ်းပိုက်လိုက်ပါပြီ။ စစ်ခွေး သေဆုံးမှုများပြီး လက်နက် ခဲယမ်း များစွာ သိမ်းဆည်းရမိပါတယ်​။ လက်ရှိ ဖာပွန်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲပါ” ဟု မြေပြင် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ ဖာပွန်တွင် စစ်ကောင်စီ၏ တပ်ရင်း ၂ ခုဖြစ်သော ခမရ ၃၄၀ ၊ ခမရ ၃၄၁ တပ်ရင်းနှင့် ဗျူဟာစခန်းတစ်ခုတို့ ကျန်ရစ်နေဆဲဖြစ်ပြီး ဆက်လက် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖာပွန်မြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ လှုပ်ရှားရာ ဒေသဖြစ်ပြီး စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စဗခ) တစ်ခု၊ ခလရ ၁၉၊ ခမရ ၃၄၀၊ ခမရ ၃၄၁ နှင့် ခမရ ၄၃၄ တပ်များ တည်ရှိကာ ခလရ ၁၉ ၊ ခမရ ၄၃၄၊ စစန ၆၄၂ တပ်ရင်း တို့ကို တော်လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ- KNU တပ်မဟာ ၅ က သိမ်းပိုက်ရရှိသော ခမရ ၄၃၄ နှင့် စစန ၆၄၂ တပ်မှ လက်နက်ခဲယမ်းများ။

Photo- KNU Mutraw News ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article