37 C
Yangon

အညာဒေသတွင် 96 SOLDIERS PDF တပ်ဖွဲ့၏ တပ်ခွဲများဖွဲ့စည်းပြီး စစ်တပ်ကို တိုက်ထုတ်မည်ဟု ထုတ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

အညာဒေသများတွင် 96 SOLDIERS PDF တပ်ဖွဲ့၏ တပ်ခွဲများ ဖွဲ့စည်းပြီး အကြမ်းဖက် စစ်တပ်ကို တိုက်ထုတ်သွားမည်ဟု ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၇ ရက်နေ့သည် 96 SOLDIERS PDF တပ်ဖွဲ့ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့ဖြစ်ပြီး သင်တန်းကာလ၏ ဖြတ်သန်းခဲ့ရသော အခက်အခဲ၊ ကြုံတွေ့ရသော အကြပ်အတည်းများကို ကျော်လွန်ပြီး ရန်သူစစ်အာဏာရူးများကို တိုက်ထုတ်တွန်းလှန်ခဲ့ကြပြီး သဏ္ဍာန် အမျိုးမျိုးနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်သူ (ဝါ) တော်လှန်သူ အပေါင်းတို့နှင့် ချိတ်ဆက်၍လည်း ကောင်းတူဆိုးဖက် အတူတကွ တွန်းလှန်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေး အားကောင်းသော ဒေသများဖြစ်ကြသည့် အညာဒေသတွင်လည်း ထပ်မံ၍ 96 SOLDIERS PDF အညာတပ်ခွဲများဖွဲ့စည်းကာ နေရာပေါင်းစုံ၊ ဌာနေပေါင်းစုံမှ တိုက်ထုတ်ရန် ကြိုးစားအားထုတ်နေပြီး တောင်ပိုင်းတွင် တည်ရှိသော 96 SOLDIERS PDF နှင့် အညာဒေသတွင်း တည်ရှိသော 96 SOLDIERS PDF တို့သည် စစ်အာဏာရှင် ကျဆုံးရေး ၊ FEDERALl DEMOCRACY တည်ဆောက်ရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသ၍ ကြိုးစားအားထုတ်မည်ဖြစ်ကြောင်းနှင့် 96 SOLDIERS PDF ရဲဘော်များမှ ကတိပြုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

96 SOLDIERS PDF တပ်သည် မြန်မာနိုင်ငံ တောင်ပိုင်း (ကရင်ပြည်နယ် ) တွင် စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်တွန်းလှန်ခဲ့သည်မှာယခုလအောက်တိုဘာ ၁၀ ရက်နေ့၌ တပ်ဖွဲ့ ဖွဲ့စည်းခြင်း ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article