32 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မြန်မာအကြမ်းဖက် စစ်ကောင်စီ/တပ်အတွက် လက်နက် တင်သွင်းသူ အောင်မိုးမြင့်၊ လှိုင်မိုးမြင့် နဲ့ မျိုးသစ္စာ ဆိုသူတို့ကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်တဲ့အပြင် ၊ ရဲချုပ် နဲ့ ပြည်ထဲရေးဒုဝန်ကြီး ဟောင်း သန်းလှိုင်ကိုလည်း အမေရိကန်နိုင်ငံကို လာရောက်ခွင့်ပိတ်ပင်လိုက်တယ်လို့ အမေရိကန် အစိုးရကနေ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ – ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၁ သထုံခရိုင်မှာ စက်တင်ဘာလ တစ်လအတွင်း ၊ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ KNLA တပ်မဟာ -၁ ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ့မှာ စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံးသွားသလို ၄၁ ဦး ဒဏ်ရာ ရသွားတယ်လို့ KNU တပ်မဟာ ၁ ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ -ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာရှိတဲ့ ခရမ်းမြို့မ ရဲစခန်း၊ သစ်တောဂိတ်၊ မြို့နယ် ထွေ/အုပ်ရုံးတွေကို ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာ ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF ခရမ်းကနေ သတင်းထုတ်ပြန်ထားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article