28 C
Yangon

ထားဝယ်-ထီးခီး လမ်းပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် ထိခိုက် သေဆုံးမှုရှိ၊ ဆားလင်းကြီးတွင် ရဲစခန်းကို ရိက္ခာပို့ဆောင်သည့် ကား ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း ထားဝယ်-ထီးခီး လမ်းပိုင်းတွင် စစ်ကား ၁၀ စီးပါ ယာဥ်တန်းနှင့် ခြေလျင် စစ်ကြောင်း ကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း ထိခိုက် သေဆုံးမှုကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်မှ စစ်ကား ၁၀ စီးပါ ယာဥ်တန်းသည် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာ အကြားတွင် အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီ ယာဥ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးကျော် ထိထိခိုက် သေဆုံးမှု ရှိနိုင်​ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာပြန်လည် ပစ်ခတ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ဝကုန်းရွာမှ ကျောက်မဲတောင်ရွာဘက်သို့ ထွက်ခွာသွားပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ကာ ထွက်ခွာသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ရိက္ခာသယ်လာသည့် ကားအား ကာကွယ်ရေး တပ်ဖွဲ့က ဖမ်းဆီးပြီး ဆန်အိတ်နှင့် ပစ္စတိုသေနတ်တို့ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ရဲစခန်းကို အောက်တိုဘာလ ၁၁ ရက်နေ့၌ ရိက္ခာသယ်လာသည့်ကားကို ဆားလင်းကြီး G-Z ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေး ဖမ်းဆီးခဲ့ပြီး ဆန် ၇ အိတ်၊ ပစ္စတို ၁ လက်နှင့် မုန့်ခြောက်များ သိမ်းဆည်းရမိခဲ့ကြောင်း SG-ZPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Photo – ဆားလင်းကြီး ရဲစခန်းကို ရိက္ခာတင်ဆောင်သည့်ကားအား SG-ZPDF က ဖမ်းဆီးရမိခဲ့ပုံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article