31 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မကွေးတိုင်း၊ပခုက္ကူမြို့နယ်မှာ စက်တင်ဘာလအတွင်းက စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူး အောင်ထွန်း ဆိုသူဟာ PDF တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရပြီး ၊ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ရှင်း လင်းခံရပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဘက်က ယာဉ်မောင်းလိုင်စင်တွေမှာ ၊ ဗိုလ်မှူး၊ ဗိုလ် ကြီး အပါအဝင်စစ်မှုထမ်း ရာထူးတွေကို ဖြုတ်ပစ်ဖို့ ညွှန်ကြားချက်ထွက်ရှိလာပါတယ်။ – မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းက ကင်မွန်းချောင်းကျေးရွာ မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ – ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ခုတ်ခွားရှေ့တန်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ နယ်မြေရှင်းလင်းရေး ပြုလုပ်နေတဲ့အချိန် KNLA ပူးပေါင်းတပ်ဖွဲ့ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။ – ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှာ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဗုံးပေါက်ကွဲခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article