29 C
Yangon

ဟင်္သာတမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော ယာဉ်ထိန်းရဲတပ်ကြပ် စိုးမင်းသန်း သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ဧရာ၀တီတိုင်း၊ ဟင်္သာတ မြို့ထဲတွင် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန် ဗု့းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာ အပြင်း အထန်ရရှိသူ ယာဉ်ထိန်းရဲ တပ်ကြပ်စိုးမင်းသန်းသည် အောက်တိုဘာ ၂၁ ရက်နေ့တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

ဗုံးပေါက်ကွဲချိန် ဒဏ်ရာရရှိကတည်းက အခြေအနေမကောင်းသဖြင့် ဟင်္သတဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုလျက်ရှိသော်လည်း အောက် တိုဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

အဆိုပါဗုံးပေါက်ကွဲမှုတွင် ယာဉ်ထိန်းရဲ ၄ ဦး ဗုံးထိမှန်ခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ ယာဉ်ထိန်းရဲတပ်ကြပ်စိုးမင်းသန်းသည် ဒဏ်ရာပြင်းထန်သူ ၂ ဦးတွင်ပါဝင်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article