25 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၄ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မနေ့ညက အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် ကချင်အနု ပညာရှင်၊ အဆိုတော်၊ ဂီတသမားများ အပါ အဝင် ပြည်သူများ ထိခိုက်ကျဆုံးခဲ့ရတဲ့အတွက် ကချင်အလံတွေကို ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ တိုင်ဝစ်ဝက်လွှင့်ထူထားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန် ခေတ်သစ်သတင်းဌာနကို အတည်ပြုပြောဆိုလိုက်ပါတယ်။ – ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ၆၂ နှစ်ပြည့် အခမ်းအနား အကြိုရက်ပွဲကို အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ကချင်ပြည်သူတွေ နဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ၊ ဘုံရန်သူကို စည်းလုံး ညီညွတ်စွာ တွန်းလှန်တိုက်ခိုက် ချေမှုန်းသုတ်သင်ကြရမှာဖြစ်တယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသမှာရှိတဲ့ ဒုတိယဗိုလ်မှူးကြီးစောစလုံး ဦးဆောင်တဲ့ ဆင်ဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါ တယ်။ – ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တိုက်လေယာဉ်တွေ နဲ့ ဗုံးကျဲ တိုက်ခိုက်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေ ကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article