25 C
Yangon

ကန့်ဘလူ၊ ဇော်ချောင်းရွာကို စစ်တပ် ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၄၇ လုံးပြာကျ၊ ဆည်ကြီးရွာကို စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိမှန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို အကြမ်းဖက် စစ်တပ် ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၄၇ လုံးပြာကျခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဇော်ချောင်းရွာကို ကိုးတောင်ဘို့တွင် တပ်စွဲထားသော ခမရ-၃၆၃မှ အကြမ်းဖက် စစ်သားများက ၅ ကြိမ်မြောက် ဝင်ရောက် စီးနင်းမီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇော်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဝင်ရောက် စီးနင်းမှုတွင် ပြည်သူပိုင် နေအိမ် ၈ လုံးနှင့် ရွှေဘုန်းတော်တိုး လူမှုကူညီရေးအသင်း အဆောက်အဦးနှင့် ကားတစ်စီး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

” ဇော်ချောင်းရွာကို စစ်ခွေးတွေ ဒီနေ့ မီးရှို့ဖျက်ဆီးမှုမှာ နေအိမ် ၈ လုံးနဲ့ ကား ၁ စီးပြာကျသွားတယ်။ အဲရွာက အခုအပါဝင် မီးရှို့ဖျက်ဆီးခံရတာ ၅ ကြိမ်ရှိပြီး အားလုံးပေါင်းဆို နေအိမ် ၁၄၇ လုံးပြာကျသွားပြီ ရွာထဲမှာ အိမ်ခြေ ၂၀ ကျော်လောက်ပဲ ကျန်တော့မယ်ထင်တယ်။ ခဏခဏကို ဝင်ရှို့နေတာ” ဟု ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အလယ်ခုံရွာကို ဝင်ရောက် စီးနင်းနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျောက်မြောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၂၄ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ဆည်ကြီးကျေးရွာသို့ ကျရောက်ခဲ့ပြီး ထမင်းစားနေသည့် ပြည်သူ ၃ ဦးကို ထိမှန်ကာ ၂ ဦး စိုးရိမ်းရကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဇော်ချောင်းရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article