25 C
Yangon

ဖားကန့် KIO အခမ်းအနား ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ အလောင်း ၅၀ ကျော် ကောက်ယူထား၊ ဒဏ်ရာရသူ အလွန်များပြားပြီး ဆေးကုသမှုခံယူနိုင်ရန် ကြိုးပမ်းနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

အကြမ်းဖက်စစ်တပ်က ဖားကန့်တွင် ယမန်နေ့ ညပိုင်းပြုလုပ်သော တေးဂီတ ဖျော်ဖြေပွဲကို ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ရာ လက်ရှိ အချိန်အထိ အလောင်း ၅၀ ကျော်ကောက်ယူရရှိထားပြီး ထိခိုက်ဒဏ်ရာရရှိသူ မြောက်မြားစွာကိုလည်း ဆေးကုသခွင့်ရရန် ကြိုးပမ်းနေရကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

သေဆုံးသူများတွင် ကချင် အနုပညာရှင်များ၊ အဆိုတော်၊ တေးဂီတသမားများ၊ လူငယ်များ ၊ ပြည်သူများ ပါဝင်ကြောင်း သိရှိရသည်။

” ရုပ်အလောင်းချည်းပဲ ၅၀ ကျော်ပါတယ်။ ဒဏ်ရာရတွေလည်း ဆေးကုခွင့်ရအောင် လုပ်နေတုန်းပဲ” ဟု ကချင် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က ဂျက်လေ ယာဉ်များဖြင့် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ တေးဂီတ ဖျော်ဖြေပွဲအခမ်းအနားကျင်းပနေသည့်အပေါ် ဗုံးကျဲခြင်းဖြစ်ကြောင်း၊ တေးဂီတ ဖျော်ဖြေပွဲတွင် အနုပညာရှင်များ ပြည်သူများ တက်ရောက်နေချိန်လည်းဖြစ်ကြောင်း သိရှိရသည်။

” ဖားကန့် တပ်မဟာ ၉ မှာ သီချင်းဆိုပွဲလုပ်နေတာ။ မနေ့ ည ၉ နာရီလောက်က မအလ တပ်က လေယာဥ်နဲ့ဗုံးကျဲချတာ အနုပညာရှင်တွေ ပြည်သူတွေရော အပါအဝင် ၅၀ ကျော်တော့ ထိခိုက်သေဆုံးမှုရှိတယ်။ စာရင်းတော့ အတိအကျ မသိရသေးဘူး။ ဒဏ်ရာရတာရော၊ သေဆုံးတာရောက ၅၀ ကျော်တယ်လို့ သိရပါတယ်။ ပြည်သူတွေရော အနုပညာရှင်တွေကို အပေါ်က ဗုံးနဲ့ ကျဲချတာပါ ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article