28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၅ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က အောက် တိုဘာလ ၂၃ ရက်နေ့ ညပိုင်းက စစ်လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံး ခဲ့ရမှု ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ KIO ၆၂ နှစ်ပြည့် အခမ်းအနား ကျင်းပတဲ့ နေရာကို အကြမ်းဖက် စစ် ကောင်စီတပ်က ဗုံးကျဲပြီးနောက်မှာ လမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ဒဏ်ရာရလူနာ အယောက် ၈၀ ကျော်ဟာ ဆေးကုသခွင့်မရဘဲ သေဆုံးသူတွေ ရှိတယ်လို့ ကချင်သတင်းရင်းမြစ်တွေက ရန်ကုန် ခေတ်သစ် ကို ပြောပါတယ်။ -တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီခွဲလောက်က ကျောက်တင်ကားကြီး မောင်းနှင်လာသူ ယာဉ်မောင်း မောင်စိုးကို အကြမ်းဖက် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article