30.5 C
Yangon

ကန့်ဘလူ၊ အလယ်ခုံရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃ လုံးပြာကျ၊ ရွှေဘိုတွင် စစ်ရှောင်တဲများကို စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ထိမှန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အလယ်ခုံရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃ လုံး ပြာကျခဲ့ကြောင်း သိရသည်။

အလယ်ခုံရွာကို ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၅၀ အချိန်တွင် ကိုးတောင်ဘို့ အထိုင် ခမရ-၃၆၃ မှ အကြမ်းဖက်စစ်ကောင်စီဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ပြည်သူ့နေအိမ် ၃ လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ နံနက် ၇ နာရီဝန်းကျင်တွင် အလယ်ခုံရွာမှ မြောက်ဘက်သို့ ထွက်ခွာသွားခဲ့ပြီး ချပ်ကုန်းရွာသို့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ဝင်ရောက်ကာ ချပ်ကုန်းရွာမှတစ်ဆင့် နံနက် ၉ နာရီတွင် နှောကုန်းရွာသို့ ဝင်ရောက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

” ရိက္ခာသယ်တယ်။ ရွှေငွေပိုက်ဆံခိုး။တိရစ္ဆာန်တွေ သတ်ဖြတ်စားတာတွေအကုန်လုပ်ပါတယ် ။ ကန့်ဘလူမြောက်ခြမ်းမှာ တောထဲ စစ်ရှောင်နေတဲ့ ပြည်သူ ၃ ယောက် လမ်းကြောင်းမှာ တိုးလို့ ဖမ်းခံရပါတယ်။ အခုထိတော့ လွတ်မြောက်လာခြင်းမရှိသေးပါဘူးဗျ ။ တောင်ခြမ်းမှာလည်း ဖမ်းခံရတဲ့ ပြည်သူတွေရှိတယ်လို့သိရပါတယ်။ ဘယ်နှယာက်ဆိုအတိအကျတော့ မသိရသေးပါဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိ ဉာဏ်အင်းနှင့် ရွာမရွာသို့ ဝင်ရောက်ကာ အကြမ်းဖက်မီးရှို့ဖျက်စီးခံရမှုကြောင့် ဉာဏ်အင်းရွာမှ ပြည်သူ့နေအိမ် ၁၁) လုံးနှင့် ရွာမရွာမှ ပြည်သူ့နေအိမ် ၁၅ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များသည် နှောကုန်းကျေးရွာမှ ပြန်ထွက်လာကာ ကိုးထောင်ဘို့သို့ ပြန်ဝင်မည့် သဘောရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကုလားမ လက်ကောက်ကျရွာမှ စစ်ရှောင်ပြည်သူများ နေထိုင်သည့် တဲများကို အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အမျိုးသမီး ၁ ဦး လက်နက်ကျည် ထိမှန်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် ကုလားမ လက်ကောက်ကျရွာရှိ ပြည်သူများ နေထိုင်သည့် စစ်ရှောင်တဲများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာပြည်သူ မချိုမာလွင် ကို လက်နက်ကြီးကျည် ထိမှန်ကာ လက်နက်ရှိထိ ကျည်စ ထုတ်နိုင်ခြင်း မရှိသောကြောင်း သိရသည်။

” မနေ့က ကုလားမ လက်ကောက်ကျရွာ စစ်ဘေးရှောင်တဲတိုက်ကို မခေါက်ပျူစောထီးရွာမှ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ ပြည်သူ အမျိုးသမီး မချိုမာလွင် လက်နက်ကြီး ကျည်စထိမှန်တယ်။ မနေ့က ညနေ ၄ နာရီ ခွဲ ဝန်းကျင်လောက် ပစ်တာ ၇ ချက်ပစ်တာ ၈၁ မမ လက်နက်ကြီးတွေ စစ်ဖြစ်ချင်းမရှိဘဲ ပြည်သူတွေ မီးဘေးသင့်တွေစုနေကျတာ တောထဲမှာ စုနေကျရတာတဲထိုးပြီး အဝေးကနေပစ်တာ ဒဏ်ရာကခွဲမှရမှာ ဆေးရုံက အနီးအနားမှာမရှိတော့ သွေးထွက်လွန်သွားရင် အသက်အန္တရာယ် စိုးရိမ်ရတော့ အခက်အခဲဖြစ်နေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကန့်ဘလူမြို့နယ် အလယ်ခုံရွာမှ ပြည်သူပိုင် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article