30 C
Yangon

ရှားတောမြို့ရှိ စစ်တပ် တပ်စခန်းများ တိုက်ခိုက်ခံရ၊ ပေါင်းတည်တွင် စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ကယားပြည်နယ် ရှားတောမြို့ ပွန်ချောင်းရွာအနီးရှိ အကြမ်းဖက် စစ်တပ် အခြေစိုက်စခန်း တိုက်ခိုက်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရှားတောမြို့ ပွန်ချောင်းကျေးရွာ အနီးရှိ အကြမ်းဖက် စစ်တပ် အခြေစိုက်စခန်းကို KNDF B (14)နှင့် KA တပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲ မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်တပ် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုများရှိသော်လည်း သေဆုံးထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပွန်းချောင်းကျေးရွာရှိ လူနေအိမ်တစ်လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်သားများ လိုက်ပါလာသည့် ဆိုင်ကယ်များ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်တွင် ကြို့ပင်အုပ်စု ကြိုပင် အုပ်ချုပ်ရေးမှုးရုံးကို ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၃၆၀၁) တပ်ခွဲ (၅) နွေဦးအဖွဲ့မှ ပထမ အကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံး မိုင်းဆွဲ တိုက်ခိုက်ခံရသည့် ဖြစ်စဥ်ကို စစ်ဆေးရန် ဆိုင်ကယ် ၄ စီး၊ ကား ၁ စီးအားဖြင့် လာရောက်သော စစ်သားနှင့် ရဲများကို တာပွန်လမ်း ၃၄ လမ်း ထိပ်အနီးတွင် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article