38 C
Yangon

မန္တလေး၊ စ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်သွင်းခံရပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

မန္တလေးမြို့၊ ၁၂၃ လမ်းနှင့် ၅၈ လမ်းကြားရှိ စ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်သွင်း ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မန္တလေး UG အဖွဲ့များက ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးအပါအဝင် ၂ ဦးသေဆုံးကြောင်း သိရသည်။

” ၅၈ လမ်းနဲ့ ၁၂၃ လမ်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပါတယ်။ ၇ ဦးထိတယ်။ ၂ ဦး သေတယ်။ အုပ်ကြီးကတော့ ဗိုက်ပွင့်ပြီး သေသွားပြီ အုပ်ကြီးအမည်တော့ မသိဘူး။ နောက် ၁ ဦးက အုပ်ကြီး နောက်လိုက် အမည်တွေတော့ မသိဘူး။ စစ်ခွေးတွေတော့ ခြေထောက်ဘဲ ထိတယ်။ ကျွန်တော်တို့ ထုလိုက်တဲ့ အသီးက သူတို့ စစ်ခွေးတွေရှိတဲ့ အဆောက်အဦးထဲပါ ကျသွားတာ စစ်ခွေးတွေကတော့ ထိခိုက်မှုလောက်ပဲဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဗိူလ်အောင်မြေနဲ့ အရင်ပတ်ကမှ ကျသွားတဲ့ ကျွန်တော်တို့ Anonymous Force MDY က ရဲဘော် ရှမ်းလေးအတွက် သွေးကြွေးဆပ်တဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု Anonymous Force MDY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Anonmous Force MDY၊ Mandalay Youngs Force Trust Keeping Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article