38 C
Yangon

စဥ့်ကူး၊ နွယ်ရုံရွာ ရဲစခန်းကို PDF တပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က ရဟတ်ယာဥ်များဖြင့် လိုက်လံပစ်ခတ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် နွယ်ရုံရွာ ရဲစခန်းကို PDF တပ်ဖွဲ့များက ယ​နေ့ဝင်ရောက် တိုက်ခိုက်ကြောင်း ဒေသခံများ ထံမှ သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နွယ်ရုံရွာ ရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ခိုက်​ရေးရဟတ်ယာဥ် ၂ စီးဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မန္တလေး စဥ့်ကူးမြို့နယ် နွယ်ရုံရွာမှာ တိုက်ပွဲ ဖြစ်နေတယ်။ PDF တပ်ဖွဲ့က နွယ်ရုံရွာရှိ ရဲစခန်း ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာ အကြမ်းဖက် စစ်တပ်ဘက် Mi 35 ရဟတ်ယာဥ် ၂ စီး နမခ ဘက်က မွန်းလွဲ ၃ နာရီ လောက်မှာ ရောက်လာပြီး နွယ်ရုံရွာ ပတ် ဝန်း ကျင်ကို ပစ်ခတ် တိုက်ခိုက်နေတယ်။ ထိခိုက်မှုတော့ရှိနိုင်တယ်။ အတိအကျတော့ မသိနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article