24 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး အပါအဝင် ၅ သေသွားတယ်လို့ YDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။ – ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်၀ဒေသမှာ အောက်တိုဘာလ ၂၆ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ AA တို့အကြား ၆ ရက်တာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၂၄ ဦး သေသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA က တရားဝင်သတင်းထုတ်ပြန်ပါတယ်။ – အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ရဲ့နေအိမ်တွေတည်ရှိရာ အင်းလျားလမ်းမှာ လုံခြုံရေးယူထားတဲ့ စစ်တပ်ဂိတ် အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းမှာ ပစ်ခတ်ခံရပြီး အင်းလျားလမ်းဘက်ကို ကားဖြတ် သန်းခွင့် စတင်ပိတ်ပင်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article