25 C
Yangon

သံတွဲတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို AA က မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၃ ဦးထက် မနည်းသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂ရက်

ရခိုင်ပြည်၊ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ကြားတွင်ရှိသည့် သက်ကေပြင်ကျေးရွာအနီး သံတွဲ- ရန်ကုန် ကားလမ်းတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း ရခိုင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ တပ်သား ၃၀ ခန့်ပါဝင်သော စစ်ကြောင်းသည် တောင်ကုတ်မှ တဆင့် ထွက်ခွာလာရာကနေ သံတွဲ- ရန်ကုန် ကားလမ်း သက်ကေပြင်ကျေးရွာနှင့် ရွာပကာ ကျေးရွာ အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင် စီတပ်သား ၁၃ ဦးခန့် သေဆုံးသွားကြောင်း သတင်းရင်းမြစ်က ပြော သည်။

“စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတာပါ၊ အဲ့ဒီမှာ ၅၅ တပ်ရင်းလည်းရှိတယ်။ နည်းနည်းလှမ်းတာပေါ့။ စစ်ကြောင်းက လမ်းလျှောက်ပြီးထွက်လာတာပါ။ အဲ့ဒီမှာ AA ဖက်က မိုင်းဆွဲ တိုက်ခိုက်တာပါ။ ၁၃ ဦးထက်မနည်းသေသွားတယ်လို့ ပြောတယ်” ဟုပြောသည်။

အဆိုပါကျေးရွာသည် တောင်ကုတ်- သံတွဲ ကားလမ်းမပေါ်တွင် ရှိသည့်ကျေးရွာ များဖြစ်ကြပြီး ယင်းမိုင်းကွဲမှုဖြစ်စဉ်ကြောင့် အနီးအနားရှိ ကျေးရွာဒေသခံတစ်ချို့သည် ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်းနှင့် စစ်ကောင်စီတပ်ကလည်း ကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“သက်ကေပြင်ကျေးရွာနဲ့ ရွာဘာကာကျေးရွာ လူတွေကို ဖမ်းထားတယ်။ ဘယ် လောက်အရေအတွက်ဖမ်းထားတယ်ဆိုတာမသိဘူး။ ကျနော်တို့လည်း ထွက် ပြေးလာရတယ်။ ပြီးတော့ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တာတွေလုပ်နေတယ်။ ထိခိုက်မှုအခြေအနေကို မသိရဘူး” ဟုပြောသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၆ ရက်အတွင်း ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော် AA တို့ တိုက်ပွဲများတွင် စစ်ကောင်စီဖက်က ၂၄ ဦးသေဆုံးခဲ့ပြီး ၂၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၁ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- ရခိုင်တွင် မိုင်းဆွဲခံထားရသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကား ၁ စီး။(ပုံအဟောင်းဖြစ်သည်)

(Western News- WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article