25 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – နိုင်ငံတစ်ဝန်း တန်ဆောင်တိုင် မီးထွန်းပွဲ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုး နဲ့ စျေးပွဲတော်တွေကို မဖြစ်မနေ ကျင်း ပဖို့စစ်ကောင်စီက ခိုင်းစေနေတဲ့အပြင် ၊ ဗုံးကွဲတာနဲ့ပစ်ခတ်ခံရရင် PDF လက်ချက်ဆိုပြီး ကြေညာရမယ်လို့ တပါတည်း အမိန့်ပေးထားတယ်ဆိုပါတယ်။ – ရှမ်းပြည်နယ် နမ့်စန်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နယ်မှူး – ဗိုလ်မှူးချုပ်ကျော်သက်နိုင်ရဲ့ အမိန့်နဲ့ လောင်းကစားရုံ၊ ပြည့်တန်ဆာခန်းတွေ အပါအဝင် တရားမဝင်လုပ်ငန်းတွေကို လာဘ်စားပြီး ခွင့်ပြုထားတဲ့အပြင် ၇၁ လေယာဉ်/အုပ်မှူး ၊ ဒုဗိုလ်မှူးကြီးပြည့်ဖြိုးလည်း လာဘ်ပေး လာဘ်ယူမှုတွေကို အကြီးအကျယ်လုပ်နေတယ် ဆိုပါတယ်။ – မြိုင်မြို့မှာ PDF ရဲဘော် ၅ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ် ဖမ်းဆီးပြီးမှ ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သလို၊ အဲ့ဒီ့အတွက် လက်တုံ့ပြန်သွားမယ် ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article