29 C
Yangon

ပျော်ဘွယ်တွင် တစ်နေ့ လိုင်းကြေး ၄ သိန်းဖြင့် စစ်တပ်က လောင်းကစား၀ိုင်းများ အကြီးအကျယ် ကျင်းပခွင့်ပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် တစ်နေ့လျှင် လိုင်းကြေး ၄ သိန်းနှုန်းဖြင့် လောင်းကစားမျိုးစုံကို စစ်တပ်နှင့်ရဲက ခွင့်ပြုပေးထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ယမန်နှစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြစ်ပွားချိန်မှစတင်ပြီး ပျော်ဘွယ်မြို့တွင် နိုင်ငံရေးလှုပ်ရှားမှုများ မဖြစ်လာစေရန်အတွက် လောင်းကစား ၀ိုင်းများကို စစ်တပ်နှင့်ရဲများက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပျော်ဘွယ်မြို့အထွက်တောင်ကြီးသွားတဲ့ကားလမ်းဘေး ပေါ်အင်းတောရကျောင်းမြောက်ဘက်ပေ ၆၀ ဝန်းကျင်မှာဂျင်ဝိုင်း၊ ကြက်၀ိုင်း၊ လောင်းကစားပေါင်းစုံ ခွင့်ပြုပေးထားတယ်။ လောင်းကစား၀ိုင်းလုပ်ခွင့်ရတာ ၁ နှစ်ကျော်လောက်တော့ရှိပြီ။ စစ်တပ်နဲ့ ရဲကိုလိုင်းကြေး ၁ ရက်ကို ၄သိန်းပေးရတယ်။ အနယ်နယ်အရပ်ရပ်က ကားတွေနဲ့ လာ လောင်းကစားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျော်ဘွယ်မြို့နယ်သည် ကြံ့ဖွတ်အများစုရှိသော မြို့ဖြစ်ပြီး လက်ရှိ ကြံ့ဖွတ် အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးသောင်းအေး၏ မဲဆန္ဒနယ်မြေလည်းဖြစ်သည်။

ပျော်ဘွယ်တွင် လောင်းကစား၀ိုင်းများ တရားဝင်ခွင့်ပြုနေခြင်းကြောင့် ခိုးဆိုးလုယက်မှုများ အများအပြား ဖြစ်ပွားနေပြီး မြို့ပေါ်နှင့်ကျေးရွာများတွင် ပြည်သူများဘ၀ မလုံခြုံတော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- ပျော်ဘွယ်မြို့နယ်မှ စစ်တပ်နှင့်ရဲက ခွင့်ပြထားသော လောင်းကစား၀ိုင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article