29 C
Yangon

မုံရွာမြို့၊ကျောက္ကာရွှေဂူနီဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့ “ယနေ့ ဘုရားပိတ်သည်” စာသား ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ကျောက္ကာရွှေဂူနီဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့ “ယနေ့ ဘုရားပိတ် သည်” စာသား ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။

ဆန္ဒပြပွဲကို God of Monywa People Defense Force က ဝန်းရံကာ ချင်းတွင်းမြစ် အနောက် ဘက်ကမ်းသပိတ် ဦဆောင်ကော်မတီနှင့်မုံရွာတော်လှန်လူငယ်ကွန်ရက်တို့က ပူးပေါင်း သပိတ်ထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွင် “လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ ငါတို့မြို့ငါတို့ပိုင်တယ်” “ယနေ့ဘုရားပိတ် သည်” ဆိုသော စာသားများကိုင်ဆောင်ဆန္ဒပြကြသည်။

“ဒီနေ့ လုံခြုံရေးတော်တော်ချထားတာ။ လမ်းမှာခွေးကားနဲ့ထိပ်တိုက်တွေ့လို့ ပြေးရသေးတယ်။ အခုလိုမျိးPDF တွေဝန်း ရံပြီး သပိတ်ထွက်တာ ကျနော်တို့သပိတ်စစ်ကြာင်း အနေနဲ့ပထမအကြိမ်ပါပဲ။ တော် တော်လေး စိတ်လှုပ်ရှားခဲ့ရပါတယ် ဟုသပိတ်ကော်မတီဝင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article