38 C
Yangon

Must read

တနိုင်း၊ သရက်ချောင်းနှင့် မြင်းခြံတို့တွင် စစ်ကြောင်းနှင့် စစ်ယာဥ်တန်းများကို PDFက တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး၊ မန္တလေးတွင် ရဲဒုတပ်ကြပ်သူရ အောင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၈

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ လီဒိုလမ်းမပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ် ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကချင် KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လီဒိုလမ်းပိုင်းရှိ နမ်ဖျက်ယန်ကျေး ရွာနှင့် တိန်ကောက်ကျေးရွာ အကြား၌ အကြမ်းဖက် စစ်တပ် ခလရ ၂၉၇ တပ်ရင်းမှ စစ်သားများကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ တပ်မဟာ ၂ ၊ အမှတ် ၄၃ တပ်ရင်း တပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကချင် KIA နယ်မြေခံ သတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်- ထား၀ယ် ပြည် ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီ ယာဥ်တန်း တိုက်ခိုက်ခံရကြောင်း သိရသည်။

နို၀င်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီ ယာဥ်တန်းကို ကစယ်ဒို ဖက်ဒရယ် စစ်ကြောင်းက တိုက်ခိုက်ခဲ့ပြီး ၂ ဦး သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကစယ်ဒို ဖက်ဒရယ်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

အလားတူ မန္တလေး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ- နဘူးအိုင် လမ်းပိုင်းတွင် စစ်ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် နဘူးအိုင်ဘက်မှ မြင်းခြံမြို့သို့ လာသည့် စစ်ကား ၁ စီးကို ထန်းတောကြီးရွာအနီးတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကား ၁ စီးကို ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံမြို့နယ်)မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေခြံသား ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အတူ မန္တလေးမြို့၊ အမရပူရမြို့နယ်တွင် မူးရူးပြီး ပြန်လာသည့် ရဲဒု-တပ် ကြပ် သူရအောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြည်သူများကို ဖမ်းဆီး ငွေညှစ်ပြီး ရရှိလာသော ငွေများဖြင့် သောက်စား မူးရူးပြီး ပြန်လာသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ် မောင်း ရဲ ဒုတပ်ကြပ် သူရအောင်ကို မန္တလေးခရိုင်၊ အမှတ် ၅ တပ်ရင်း၊ မြစ်ငယ် MNPDF က ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွား ရဲဒု-တပ်ကြပ် သူရအောင်ထံမှ 9 mm ကျည် ၉၁ တောင့်၊ ပိုက်ဆံ ၈၇၇၀၀ ကျပ်၊ ဖုန်း ၁ လုံးနှင့် လက်စွပ် တစ်ကွင်းတို့ သိမ်းဆည်း ရမိခဲ့ကြောင်း MNPDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article