33 C
Yangon

မိတ္တီလာ၊ ရှမ်းတဲလေတပ်စခန်းတွင် အမောင်းသင် GROB လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပန်ကာနှင့်ရှေ့ဘီးကျိုး၊ လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲလေတပ်စခန်းတွင် အမောင်းသင် GROB လေယာဉ် တစ်စင်း ဆင်းသက်စဉ် ပန်ကာနှင့်ရှေ့ဘီးကျိုးပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်(မိတ္ထီလာ) ရှိ လေ ယာဉ်မောင်းသင်ကျောင်း တွင် ရှိသော GROB G120TP-A အမျိုးအစား လေယာဉ်အမှတ် 2809 လေယာဉ်သည် နည်းပြဆရာ ဗိုလ်မှူးသက်နိုင်၏ တပည့် ဒုဗိုလ် ခင်စပယ်ဖြူ(အမျိုးသမီးသင်တန်းသူ) ‌တစ် ဦးတည်း လေ့ကျင့်ပျံသန်းပြီး လေယာဉ်အဆင်းတွင် မတော်တဆမှု ဖြစ်ပွားကာ ပန်ကာနှင့် ရှေ့ဘီးကျိုးကာပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ယခုနှစ် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (လသခ)တွင် ဂျာမနီနိုင်ငံမှ၂၀၁၅ခုနှစ်တွင်ဝယ်ယူထားသော GROB (အမောင်းသင်လေ ယာဉ်) တစ်စီး ဆင်းသက်ပြီး မီးလောင်မှုဖြစ်ပွားကာ ပျက်စီးခဲ့ကြောင်း၊ အဆိုပါ လေယာဉ်တစ်စီးသည် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုးရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်နှင့် အမောင်းသင် GROB လေယာဉ် ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article