30.5 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမှာ အခေါင်းမပါ၊ အလောင်းမသာကို မြေပေါ်ချပြီး ၊ ဖြစ်သလို သဂြိုလ်ရတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေရဲ့ မသာချ အသုဘ လုပ်နေတဲ့ ဗီဒီယိုတစ်ခုကို KNDF ကနေ ထုတ်ပြန်လိုက်ပါတယ်။ – ပဲခူးတိုင်း၊‌ ရေတာရှည်မြို့နယ်မှာရှိတဲ့ ခရိုင်ချင်းဆက်လမ်းပေါ်မှာ အခိုင်အမာစခန်း ချထားတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၆ ရက်နေ့က PDF တပ်ဖွဲ့တွေကနေ ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေသွားတယ်လို့ ရေတာရှည် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ဆေးရေး လုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာလ ၈ ရက်နေ့က MMU အဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၄ ဦး သေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article