30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -သထုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လေ့ကျင့်ရေးအမှတ် ၉ တပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူး – ချစ်ဝင်းသူ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သထုံ ပကဖ ကနေ ဒီကနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ပိုင်းက တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် တပ်သား ၃ဦးသေသွား တဲ့ အပြင် ၊ စစ်ကောင်စီက ဖမ်းဆီးလာတဲ့ ပြည်သူတွေကို ကယ်ထုတ်ပြီး ၊ လက်နက်တွေပါ သိမ်းဆည်း ရမိခဲ့တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ – ရခိုင်ပြည်နဲ ချင်းပြည် ပလက်၀မှာ နိုဝင်ဘာလ ၈ ရက်နေ့ တစ်နေ့တည်းမှာတင် တိုက်ပွဲ ၅ နေရာ ဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီဘက်က ၁၀ ဦး သေသွားတဲ့အပြင် ၊ လက်နက်ခဲယမ်းတွေကိုပါ သိမ်း ဆည်း ရမိခဲ့တယ်လို့ ရခိုင်တပ်တော် AA ကနေ နိုဝင်ဘာလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ – ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာလ ၉ ရက်နေ့က ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ကနေ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁ ဦးသေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေး ပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article