30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီအတွက် စစ်တပ် ထိပ်ဆုံး ခေါင်းဆောင်ကစပြီး ၊ အောက်ခြေ -တပ်သားတွေ အထိ အစုရှယ်ယာငွေတွေကို တိုးမြှင့်ထည့် ဝင်ကြ ဖို့အတွက် စည်းရုံး ဆောင်ရွက်ရမယ်ဆိုပြီး တပ်တွင်းအမိန့် ထုတ်ထားတယ်လို့ သိရပါတယ်။ – ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းက အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာထဲကို ဝင်ရောက်လာပြီး ၊ ကျေးရွာနေ ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် ၊ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်ပစ်ဗုံးတဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၅ ဦးသေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article