30.5 C
Yangon

လားရှိုးတွင် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၏ သား ဗိုလ်ကြီးဟောင်း ကျော်ဇေနိုင်က မြေကွက်များကို အကွက်ရိုက်ပြီး တစ်ကွက် သိန်း ၆၅၀ ဖြင့်ရောင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၏ သားဖြစ်သူ ဗိုလ်ကြီးဟောင်း‌ ကျော်ဇေနိုင်က လားရှိုးမြို့နယ်တွင် မြေကွက်များကို အကွက်ရိုက်ပြီး တစ်ကွက်လျှင် သိန်း ၆၅၀ ဖြင့် ရောင်းချလျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ပြောဆိုသည်။

ရှမ်းပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကခွင့်ပြုချက်ပေးပြီး အကျိုးအမြတ်ကို တစ်ဝက်စီ ခွဲဝေယူသည့်ပုံစံဖြင့် လားရှိုးတွင် ထင်းရှုးမြိုင် တန်ဖိုးနည်းအိမ်ရာဟုဆိုကာ မြေကွက်များကို တိုင်းမှူးသားက အကွက်ရိုက် ရောင်းချနေခြင်းဖြစ်ကြောင်း၊ မြေကွက်တစ်ကွက်လျှင် သိန်း ၆၅၀ ဖြင့် အကွက်များစွာ ဖော်ထုတ်ရောင်း ချနေကြောင်း သိရှိရသည်။

“အဖေက တိုင်းမှူးဆိုတဲ့အရှိန်အဝါ ပါဝါနဲ့ မြေကွက်တွေ ဖော်ပြီးရောင်းနေတာ။ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်ကျော်ထွန်းက အကျိုးအမြတ်တစ်ဝက်ရှယ်ယာရတယ်။ ဘယ်လိုမြေလဲဆိုတော့ ပြည်သူပိုင်မြေပေါ့ဗျာ။ ပြည်သူတွေရဲ့ မြေတွေပေါ့။ သူတို့က မနေ့တနေ့ကမှ ပြောင်းလာပြီး လားရှိုးမြို့ကို အဲဒီလိုလုပ်နေတာ။ ထင်းရူးမြိုင် အိမ်ရာ ဆိုပြီး အကွက်ဖော်ရောင်းနေတာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

စစ်အစိုးရခေတ်အဆက်ဆက်တွင် လားရှိုးသည် ပါဝါ၊ အရှိန်အဝါ အာဏာများသုံး၍ အမြဲတစေ မြေကွက်များ အကွက်ရိုက်ရောင်းချမှုများ ကြုံနေရသည်ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။

“တိုင်းမှူးအဆက်ဆက်မှာ လားရှိုးက ခံနေရတာချည်းပဲ။ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်တုန်းက သူ့သမီးလင်၊ သူ့သမက် စီးပွားရေးသောင်းကျန်းတာ။ ဒုတိယဗိုလ်ချပ်ကြီး အောင်စိုးရဲ့ သားတုန်းကလည်း စီးပွားရေး သောင် းကျန်းတယ်။ ဖူလီလိုက်နဲ့ပေါ်တင် စီးပွားရေးအကြီးအကျယ်လုပ်တယ်။ ဗိုလ်ချုပ်နိုင်နိုင်ဦး သားက ရှမ်းစစ်ကောင်စီ ဝန်ကြီးချုပ်နဲ့ပေါင်းပြီး မြေကွက်ကိစ္စသောင်းကျန်းတယ်။ သူတို့က အခု ထိပ်ဆုံးရောက်နေတဲ့ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ပိုင်တယ်ဆိုပြီးတော့ လုပ်နေကြတာ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးသည် ဇနီး- ကြည်နွယ်ဦးနှင့်အတူ ဗိုလ်ကြီးဟောင်း ကျော်ဇေနိုင် ၊ လင်းထက်နိုင် ၊ မသွန်းသီရိနိုင် ဆိုသည့် သားသမီး ၃ ဦးရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article