36 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ နေ့လယ်တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ/ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီဘက်က စစ်တပ်ဘက်က ၅ ဦးထက်မနည်း သေသွားတယ်လို့ Khin U local Guerrilla Force (K.U.G.F) ရဲ့ ဗိုလ်ဂျက်စတင်က ပြောပါတယ်။ – မကွေးတိုင်း၊ ကျောက်ထုမြို့မှာ အင်အား ၉၃ ဦးပါ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ် ရေး မဟာမိတ် တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ – မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆပ်သွား- ရွာကို နိုဝင်ဘာလ ၁၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်ကနေ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇ လုံး နဲ့ ဆေးပေးခန်း ၁ ခု မီးလောင်ပြာကျခဲ့တဲ့သတင်း အပါ အဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article