29 C
Yangon

ပုလောမြို့ရှိ ခလရ-၂၈၅ တပ်ရင်း၊ ကင်းစခန်းနှင့် ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ ခလရ-၂၈၅ တပ်ရင်းနှင့် ကင်းစခန်းတို့ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့​ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် ခလရ-၂၈၅ တပ်ရင်းနှင့် နန်းတောင်ရွာရှိ စစ်တပ် ကင်းစခန်းတို့ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ RPG များ၊ ၄၀ မမများဖြင့်မိနစ် ၃၀ ကြာ ပစ်ခတ် လုပ်ဆောင်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး ခလရ-၂၈၅ တပ်ရင်းမှ စစ်သားများ သွေးပျက်ပြီး လက်နက်ကြီး/ငယ်များ အချက်ရေ ၃၀ ထက်မနည်း ရမ်းပစ်သော်လည်း PDF ပူးပေါင်းဖွဲ့များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပူရိယက္ခ ညီနောင် စစ်ကြောင်း၊ ပုလော(PRDF)၊ မိုးကြိုးဖွဲ့နှင့် Ghost Ranger ရဲဘော်များတို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပုရိယက္ခညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ၄ နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၉ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ‌အထွေထွေ အုပ်ချုပ်ရေးရုံး၊ မြို့နယ် တရားရုံး၊ ကြံ့ခိုင်ရေးရုံး၊ မြို့နယ်ခန်းမ တို့ကို ကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ တို့ဖြင့် ၃၇ လုံးပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခက်မှုအတွင်း ဆားလင်းကြီးမြို့မ ရဲစခန်းအတွင်း ၈ လုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မြို့နယ်တရားရုံးအတွင်းသို့ ၄ လုံး၊ ကြံ့ခိုင်‌ရေးရုံးအတွင်း ၅ လုံးနှင့် မြို့နယ်ခန်းမ အတွင်းသို့ ၅ လုံးကျရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓါးမဆိုင်းတပ်မတော် (D.M.S.A) ယင်းမာပင်ခရိုင် တပ်ရင်း-၂၈၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၄) ၊ အမျိုးသမီး လက်နက်ကြီး အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article