36 C
Yangon

ထီးချိုင့်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် မီးတင်ရှို့နေ၊ အလယ်တောရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၈၆ လုံးပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထီးချိုင့်မြို့နယ်အတွင်းရှိ အလယ်တောရွာ၊ ဆားတွင်းရွာ၊ အင်ကြင်းကုန်းရွာနှင့် အင်းတိန်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်းတိန်ရွာနှင့် လေသာရွာတို့ကို ထပ်မံမီးရှို့ဖျက်ဆီးနေသည်ဟု သိရှိရသည်။

” လေသာရွာကို စစ်တပ်က ဒီနေ့ နိုဝင်ဘာ၃၀ရက်နေ့ မွန်းလွဲပိုင်းမှာ မီးရှို့နေတယ်။ နံနက်ပိုင်းကလည်း အင်းတိန်ရွာကို မီးရှို့ခဲ့တယ်။ ရွာထဲကနေ မီးခိုးတွေကတော့ မြင်မကောင်းအောင်ကိုမြင်နေရတယ်။ ရွာထဲကို နံနက်ခင်း ၉ နာရီ အချိန်တည်းက စစ်ခွေးတွေ ရွာထဲဝင်လာတယ်။ မွန်းလွဲပိုင်း ရောက်တော့ မီးရှို့တာဘဲ မီးလောင်အရေအတွက်ကတော့ အတိကျ မသိရသေးဘူး။ ရွာထဲကလည်း စစ်ခွေးတွေက မထွက်သေးဘူး။ အလယ်တောရွာအနီးမှာ PDFနဲ့တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေဘက်က အကျဆုံးများလို့ အခုလိုရွာတွေကို မီးရှို့နေတာဖြစ်နိုင်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက​ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က အလယ်တော စံပြကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၈၆ လုံးမီးလောင်ပြာကျပြီး ကျွဲ၊ နွား၊ လယ်ယာသုံးစက်ကိရိယာများ နှင့်အိမ်မွေးတိရိစ္ဆာန်များ ၊ဆန်၊စပါး တင်းပေါင်း ထောင်ချီလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article