34 C
Yangon

မရမ်းကုန်း ၁ ရပ်ကွက်ရှိ အိမ်ခြေ ၁၂၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ် အင်အား အလုံး အရင်း ဖြင့် ဝင်ရောက်စီးနင်းပြီး ဘူဒိုဇာဖြင့် ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်း၊ မရမ်ကုန်းမြို့နယ် ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၂၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ် တပ် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး ဘူဒိုဇာဖြင့် ဖျက်ဆီးကြောင်း ဒေသခံ ပြည်သူ များ က ရန်ကုန်ခေတ်သစ် သ တင်း ဌာန ထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် စစ်တပ်၊ ရဲ၊ စည်ပင်နှင့် ပျူစော ထီး စုစုပေါင်း အင် အား ၁၀၀ ဝန်းကျင်ဖြင့် လမ်းများပိတ်၍ ဝင်ရောက်လာပြီး မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် ဘောလုံး ကွင်းဘေးရှိ နေအိမ်များကို ဘူဒိုဇာ များ ဖြင့် အတင်းအကျပ် ဖျက်ဆီးကြောင်း သိရှိရသည်။

“သမိုင်း ၁ ရပ်ကွက် မြို့သစ် ၇လမ်း ၈လမ်း ၉လမ်းဘောလုံးကွင်းဘေးက အိမ် တွေကိုစစ်တပ်က အင် အားအလုံး အရင်း နဲ့ ဘူဒို ဇာနဲ့ထိုး နေပါတယ်။ ဒီနေ့ မနက် ၆နာရီ ခွဲကတည်းက ဖျက်နေတာပါ။ မရမ်းကုန်း မြို့နယ် သမိုင်း ၁ ရပ် ကွက်၊ မြို့သစ် ၇လမ်း ၈လမ်း ၉လမ်း နဲ့ ဘောလုံးကွင်အိမ်ခြေ ၁၂၀ ကျော် လောက် ကို ဖျက်ဆီးပါတယ်။ လမ်းတွေပိတ်တယ်။ စစ်ကား ၂ စီးနဲ့ အင်အား စုစုပေါင်း ၅၀ ကျော်မယ်။ ရဲရော ပျူစောထီးရော စုစုပေါင်း ၁၀၀ ကျော်တယ်။ မနော်ဟယ်ရီ လမ်း ကနေလမ်း ပိတ်ပြီး ဖျက်တယ်။ အခု အဖျက်ခံ ရတာက ၁၂၀ ကျော်တယ်။ အိမ်တွေဖျက်နေတာကို ဓာတ်ပုံ ရိုက်တဲ့ အမျိုးသမီး တစ် ယောက်ကို ခွေးတွေ ဘယ်လိုတွေ့သွားလဲ မသိဘူး။ တိုက်ပေါ် ထိတက် ဖမ်း တယ်။ လူရောဖုန်းရော အကုန်ပါသွားတယ်။ အခုထက်ထိ ဖျက်နေတုန်း” ဟု ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့ အပါအဝင်မြို့ကြီးများမှ ပြည်သူပိုင် နေ အိမ် များကို ကျူး ကျော် ဟုဆိုကာ အင် အား သုံးဖျက်ဆီးခြင်း၊ ဘူဒိုဇာဖြင့် ထိုး ခြင်း အပါအဝင် ဥပဒေမဲ့ အကြမ်း ဖက်လုပ် ရပ်များ ကို ဆက်တိုက်ဆိုသလို လုပ် ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်တပ်က သမိုင်း ၁ ရပ်ကွက်ကို ဝင်ရောက်ဖျက် ဆီး နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article