28 C
Yangon

တစ်ဒါဇင်လျှင် ငွေကျပ် ၁၂၀၀ သာစျေးရှိသည့် ဘောပင်များကို ၂၇၀၀ ကျပ်၊ တစ်ဒါဇင်လျှင် ၈၀၀ ကျပ် သာ ရှိသော ခဲတံများကို ၁၈၀၀ ကျပ်ဖြင့် ဝယ်ယူခွင့်တင်ဒါများ ချထားပေး၊ ပညာရေးဌာန နှင့် ကုမ္ပဏီများ လက်ဝါးချင်းရိုက် သိန်းသောင်းချီ အမြတ်ခွဲဝေယူကြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၃ – ၂၀၂၄ ပညာသင် နှစ်အတွက် ကျောင်းသူ‌ ကျောင်းသူများအတွက် ခဲတံနှင့် ဘော ပင်များ ချထားပေးရန် အိတ်ဖွင့် တင်ဒါခေါ်ယူရာတွင် ဈေးကွက် ပေါက် စျေး ထက် ပိုမိုတင်ပြီး ဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များ သိန်းသောင်းချီ အမြတ် ရ ခွဲဝေ ယူကြကြောင်း သိရှိရသည်။

ပညာရေးဝန်ကြီးဌာနက ကျောင်းများတွင် ဝေငှရန် ဘောပင်နှင့်ခဲတံများ တင်ဒါခေါ်ယူရာတွင် စျေးကွက်တွင် တစ်ဒါဇင် ၈၀၀ ကျပ်တန် ခဲတံကို တစ်ဒါဇင်လျှင် ငွေ့ျပ် ၁၈၀၀ ကျပ်ဖြင့်လည်းကောင်း၊ တစ်ဒါဇင် ငွေကျပ် ၁၂၀၀ ကျပ်ဝန်းကျင်သာ စျေးပေါက် သော ဘောပင်ကို တစ်ဒါဇင် ၂၇၀၀ ကျပ်ဖြင့် လည်းကောင်း စျေးကွက်ပေါက်စျေးထက်ပိုမိုသော စျေးနှုန်းဖြင့် လုပ်ငန်းရှင်များကို တင်ဒါ ချပေးလိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ခဲတံနှင့် ဘောလ်ပင်များ အိတ်ဖွင့်တင်ဒါခေါ်ခြင်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၁ ရက်နေ့တွင် ရောင်းချပြီး ၁၄ ရက်နေ့တွင် တင်ဒါပိတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တင်ဒါအောင် သူများကို ကြေညာခဲ့ကြောင်း၊ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများပေါင်း၍ အရည် အသွေး ညံ့သော ပစ္စည်းများကို စျေးကွက်ပေါက်စျေးထက်ပိုပေး၍ ငွေကျပ် သိန်းသောင်းချီ ခွဲဝေရယူကြကြောင်း သိရှိရသည်။

“တင်ဒါကို ဒီဇင်ဘာ ၅ ရက်နေ့က ကြေညာခဲ့တာ။ စျေးကွက်မှာ တစ်ဒါဇင်ကို ၈၀၀ ကျပ်ပဲ တန်တဲ့ခဲတံတွေကို တစ်ဒါဇင် ၁၇၀၀ ကျပ်နဲ့ တင်ဒါပေးတယ်။ ဘောပင် ဆိုလည်း ဈေးကွက်ထဲမှာ တစ်ဒါဇင် ၁၂၀၀ ကျပ် တန်ပစ္စည်းကို ၂၇၀၀ နဲ့ တင်ဒါချပေးတယ်။ စျေးကွက်ပေါက်စျေးထက် နှစ်ဆ တင်ပြီး ဌာနနဲ့ ကုမ္ပဏီတွေ ဝေစားမျှစား လက်ဝါးရိုက်လုပ်စားနေပါတယ်။ အဲဒါကို တင်ဒါ အဖွဲ့က မြေပြင်ဈေးကို စုံစမ်းနိုင်ရဲ့သားနဲ့ အရည်အသွေးညံ့ပစ္စည်းတွေကို ဈေးကောင်းပေးပြီး လက်ဝါးရိုက်လုပ်စားနေပါတယ်ဗျ” ဟု အဆိုပါ တင်ဒါကိစ္စနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

နိုင်ငံတစ်ဝန်းရှိ ကျောင်းများအတွက် ခဲတံနှင့် ဘောလ်ပင် တင်သွင်းရန် တင်ဒါ အောင်မြင်ခဲ့ကြသည့် ကုမ္ပဏီ ၁၅ ခုရှိပြီး အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ် သော ကုမ္ပဏီများသာဖြစ်ကြောင်း ၊ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် တင်ဒါအောင်ပစ္စည်းကို စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article