28 C
Yangon

ထားဝယ်၊ ရေနက်ဆိပ်ကမ်း ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ကနီနှင့် ရွှေဘိုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်

Must read

ထားဝယ်၊ ရေနက်ဆိပ်ကမ်း ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ကနီနှင့် ရွှေဘိုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထားဝယ်ရေ နက် ဆိပ်ကမ်း ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Dawei Guerilla Revolutionary Force –DGRF ထံမှ သိရသည်။

အဆိုပါရဲစခန်းကို ဒီဇင်ဘာလ ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသည်ကို မျက်မြင်သိရှိရပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသည် ဟု သိရှိရကြောင်း DGRF တပ်ဖွဲ့က ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို Dawei Guerilla Revolutionary Force –DGRF (ထားဝယ် -ပကဖ) ၊ Launglone People Defense Force- LLPDF ၊ TYB –PDF နှင့် အခြားမိတ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုဌောကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း National Revolutionary Guards တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် ကနီမြို့နယ်၊ မုဌောကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်ကို အမျိုးသား တော်လှန်ရေး ပျောက် ကြားတပ် (National Revolutionary Guards)နှင့် ညီနောင် မဟာမိတ်တပ်များ ပူးပေါင်းကာ ၂ ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်‌ သေဆုံးမှုရှိနိုင်သော်လည်း စစ်သား သေစာရင်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို National Revolutionary Guards (NRG-PDF/Salingyi)၊ ပြည်သူအားလုံးရဲ့ PK /PDF၊ Chindwin Revolution Fighterနှင့် နယ်စည်းမခြား ဇာမဏီပြောက်ကြားတပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ShweBo Federal Army အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ် ရွာသာ ကျေးရွာရှိ စစ်ကောင်စီတပ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား များ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ShweBo Federal Army SBFA အဖွဲ့၊ တိုက်နယ် ၂ ညီနောင်များ၊ ဝက်လက်မြို့နယ် GHOST RIDER အဖွဲ့၊ တိုက်နယ် (၅) နယ်မြေ ခံ ရဲဘော် အင်အားစုများ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဒေသခံ တောင်သူ လယ်သမားများ၏ လယ်ယာခင်း၊ စပါး၊ သီးနှံများကို ခိုးယူ ဖျက်ဆီးနေခြင်း ကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article