28 C
Yangon

မြင်းခြံတွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မြိုင်မြို့ နယ်၊ ဖောင်းကွဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံး

Must read

မြင်းခြံတွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မြိုင်မြို့ နယ်၊ ဖောင်းကွဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံ-နဘူးအိုင် ကားလမ်းတွင် စစ်ကားတစ် စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နောင်ရိုး အထူး ပျောက် ကျားတပ်ဖွဲ့က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၂ နာရီခန့်က မြင်းခြံမြို့နယ်၊ နဘူးအိုင် ကျေးရွာမှ ဆုံရွာ ဘက်သို့ စစ်ကူပေးရန်လာသော စစ်ကား အသေးတစ်စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဆီမီးခုံ-နဘူးအိုင်လမ်းမပေါ် ပင်လယ် ရွာနှင့် ကန်နီရွာကြားတွင် ပဒေသာမိုင်း ၅ လုံး ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ် သား ၄ ဦးသေဆုံးပြီး မိုင်းဆွဲခံရသောကားကို နဘူးအိုင်သို့ ကြိုးဖြင့်ဆွဲကာ သယ် ဆောင်သွားရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) တပ်ခွဲ (၁) နောင်ရိုး အထူးပျောက် ကျားတပ်-NYSGF ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် – ၁ 27 Revolution Force မဟာမိတ် ညီနောင် ၂ ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက် မရှိပြန် လည် ဆုတ် ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းတိုင်း၊ မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာကို စစ်ကြောင်း ထိုးဝင် ရောက်လာသော စစ်တပ် စစ်ကြောင်းကို ဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံးခဲ့ကြောင်း Black Cobra Force Pakokku ကပြောသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ဖောင်းကွဲကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ် ကို Black Cobra Force Pakokku အပါအဝင် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ ဦး သေ ဆုံး ကာ စစ်သား ၁၅ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ ကာ ကွယ် ရေး တပ်ဘက်မှ ၂ ဦးကျဆုံးကြောင်း သိရသည်။

စစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်းမှ ပြည်သူ ၅ ဦးကို လူမဆန်စွာ မီးရှို့ လည် လှီး သတ်ဖြတ်သွားခဲ့သည့်အပြင် ပြည်သူပိုင် နေအိမ်နှင့်ပစ္စည်းများကို ဖျက်ဆီးကာ ဆိတ်၊ကျွဲ၊ နွားများကိုလည်း ပစ်ခတ်သတ်ဖြတ်သွား ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article