25 C
Yangon

ဒီမိုကရေစီမရှိဘဲ မည်သည့် အခွင့်အရေးမျှ မရရှိနိုင်ခြင်းကြောင့် အလုပ်သမားထု အပါအဝင် ပြည်သူ တရပ်လုံး တော်လှန်ရေး အမြန်ဆုံး အဆုံးသတ် နိုင်ရေး ကြိုးပမ်း အားထုတ်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

Must read

ဒီမိုကရေစီမရှိဘဲ မည်သည့် အခွင့်အရေးမျှ မရရှိနိုင်ခြင်းကြောင့် အလုပ်သမားထု အပါအဝင် ပြည်သူ တရပ်လုံး တော်လှန်ရေး အမြန်ဆုံး အဆုံးသတ် နိုင်ရေး ကြိုးပမ်း အားထုတ်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

■ အကြမ်းဖက် စစ်အုပ်စုက အခြေခံအလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှု များကို အရေးယူနိုင်ရေး NUG အစိုးရက လုပ်ဆောင်နေ

ရန်ကုန်၊ မေ ၁

ဒီမိုကရေစီမရှိဘဲ မည်သည့် အခွင့်အရေးမျှ မရရှိနိုင်ခြင်းကြောင့် အလုပ်သမားထု အပါအဝင် ပြည်သူ တရပ်လုံး တော်လှန်ရေး အမြန်ဆုံး အဆုံးသတ် နိုင်ရေး ကြိုးပမ်း အားထုတ်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်း ပြောဆိုလိုက်သည်။

ယနေ့ မေလ ၁ ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာရှင် ရှိနေသ၍ အလုပ်သမားများ အပါအဝင် တိုင်းရင်းသား ပြည်သူ တရပ် လုံး ကိုယ်၊ စိတ် ဒုက္ခမျိုးစုံ ဆတိုး ခံစားနေကြရမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်း နိုင်မှ သာလျှင် အခြေခံအခွင့်အရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေးကို အပြည့်အဝ ဖော် ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ယခုနှစ် မေဒေးအတွက် ကြွေးကြော်သံ ဆောင်ပုဒ်ဖြစ်သည့် “ဖက်ဒရယ် ဒီမိုကရေစီ မရှိဘဲ အလုပ်သမား အခွင့်အရေး မရှိနိုင်” ၊ “No Federal Democracy, No Labour Rights.” ဆိုသကဲ့သို့ ဒီမိုကရေစီမရှိဘဲ မည်သည့် အခွင့်အရေးမျှ မရရှိနိုင်ခြင်းကြောင့် အလုပ်သမား ထုကြီး အပါအဝင် ပြည်သူတရပ်လုံးအနေဖြင့် တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းအားထုတ်ကြရန် နိုင်ငံတော်သမ္မတဒူဝါလရှီးလက လေးလေးနက်နက် တိုက် တွန်းထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အာဏာ လုယူပြီးနောက် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ဆိုးရွားစွာ ဆုံးရှုံးလျက် ရှိကြောင်း၊ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူများ၏ ဦးဆောင်မှုဖြင့် မြန်မာအလုပ်သမားထုတစ်ရပ်လုံးသည် ဆုံးရှုံးနေသည့် အခြေခံအခွင့်အရေးများ ပြန်လည်ရရှိရေး အတွက်သာမက စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေး လှုပ်ရှားမှုများ၌ ပြည်သူတစ်ရပ်လုံးနှင့်အတူ ယနေ့နွေဦးတော်လှန်ရေးတွင် ရဲဝံ့ တက်ကြွစွာ ပူးပေါင်းပါဝင်နေကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ် သမားထုကြီးသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေး ကြားကာလတွင်သာမက တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် သည့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကာလများအတွက်ပါ အရေး ပါသည့် အင်အားစုကြီး ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူး ပေါင်း၍ အဆိုပါအလုပ်သမားထုကြီး၏ အခွင့်အရေးနှင့် ဥပဒေပါ ရပိုင်ခွင့်များကို အာမခံချက်ပေး နိုင်ပြီး ပိုမိုထိရောက်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် လုပ်ငန်းမူဘောင်များ၊ ရေတို၊ ရေရှည် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အသိ ပေးထားသည်။

အခြေခံအလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေပြီး ပြည်သူအပေါ် အကြမ်း ဖက်မှုများ နေ့စဉ် ကျူးလွန်နေသည့် စစ်အုပ်စုကို အိုင်အယ်လ်အို၏ ဖွဲ့စည်းပုံစည်းမျဉ်း (ILO Constitution) နှင့်အညီ အမြင့်ဆုံး အရေးယူ ဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကို အိုင်အယ်လ်အို (ILO) က တဆင့် ထောက်ခံအသိအမှတ်ပြုရေး၊ စစ်တပ်၏ အရေးကြီးသော နိုင်ငံခြား ဝင်ငွေရလမ်းများကို ပိတ်ဆို့ရေး စသည့်လုပ်ငန်းများကို အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတ ကာ အလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် ၎င်း တို့၏ အားအင်ချည့်နဲ့နေမှုများကို ကုစားရန် အဓမ္မစစ်သားစုဆောင်း ရေး ဥပဒေတစ်ရပ်ကို အခွင့် အာဏာမရှိဘဲ ထုတ်ပြန်၍ တိုင်းပြည်၏ အလုပ်လုပ်ကိုင်နိုင်သည့် အ သက်အရွယ်ရှိသော အမျိုးသမီး၊ အမျိုးသား လူငယ်၊ လူရွယ်များကို ဖမ်းဆီးခြိမ်းခြောက်၍ အဓမ္မ လူ စုဆောင်းနေခြင်းကြောင့် စစ်မှု မထမ်းလိုသည့် လူငယ်လုပ်သားများသည် ပြည်တွင်းလွတ်မြောက် နယ် မြေများနှင့် ပြည်ပနိုင်ငံများသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေမှုများဖြစ်ပေါ်ကာ ပြည်တွင်းလုပ်အား ဆုံးရှုံးမှု၊ ပုံမှန်ဝင်ငွေ မရရှိ မှုနှင့် လူမှုစီးပွားဘဝ ထိခိုက်ခံစားကြရသည်ဟု ဆိုသည်။

အလုပ်သမားများ သာမက အကျိုးဆက်အနေဖြင့် စီးပွားရေးလုပ်ငန်းများပါ ထိခိုက်ဆုံးရှုံးနေရပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုမည့် ငွေကြေးလိုအပ်ချက်များကို ဖြည့် ဆည်းရန် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းအလုပ် သမားများ ၏ လစာဝင်ငွေမှ ဝင်ငွေခွန်အဖြစ် အဓမ္မ ဖိအားပေးအကျပ်ကိုင်၍ ကောက်ခံလျက်ရှိကြောင်း သိရ သည်။

မြန်မာနိုင်ငံတွင် အာဏာရှင်ရှိနေသ၍ အလုပ်သမားများအပါအဝင် တိုင်းရင်းသားပြည်သူ တရပ်လုံး ကိုယ်၊ စိတ် ဒုက္ခမျိုးစုံ ဆတိုး ခံစားနေကြရမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှ သာလျှင် အခြေခံအခွင့်အရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေးကို အပြည့် အဝ ဖော် ဆောင် နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ် မေဒေးအတွက် ကြွေးကြော်သံ ဆောင်ပုဒ်ဖြစ်သည့် “ဖက်ဒရယ်ဒီမိုကရေစီ မရှိဘဲ အလုပ်သမားအခွင့်အရေး မရှိနိုင်” ၊ “No Federal Democracy, No Labour Rights.” ဆိုသကဲ့သို့ ဒီမိုကရေစီမရှိဘဲ မည်သည့်အခွင့်အရေးမျှ မရရှိနိုင်ခြင်းကြောင့် အလုပ် သမားထုကြီးအပါအဝင် ပြည်သူတရပ်လုံးအနေဖြင့် တော်လှန်ရေး အမြန်ဆုံး အဆုံးသတ် နိုင်ရန် ဆက်လက် ကြိုးပမ်းအားထုတ်စေလိုကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှိးလက လေးလေး နက်နက် ထပ်မံတိုက်တွန်းထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ (UN) နှင့် အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့ အစည်းများ၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး အလေးထားသည့် နိုင်ငံတကာအစိုးရများ အနေဖြင့်လည်း လက်တွေ့ဆန်သော ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို အမြန်ဆုံးဆောင်ရွက် ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် ထပ်မံ တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ စစ်အာ ဏာ ရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေးအ တွက် စွန့်လွှတ်အနစ်နာခံကာ မဆုတ်မနစ် ကြံ့ကြံ့ခံ တော်လှန်နေသည့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာ အလုပ်သမားထုကြီးအား လေးစားဂုဏ်ပြုပါကြောင်းနှင့် အလုပ်သမားသမဂ္ဂများအပါအဝင် အင်အား စု ပေါင်းစုံဖြင့် ညီညွတ်စွာ တော်လှန်ရေးအောင်ပွဲကို အမြန်ဆုံးအရယူရန် ယနေ့ကျရောက်သည့် ကမ္ဘာ့ အလုပ်သမားနေ့တွင် ထပ်လောင်း သန္နိဋ္ဌာန်ချမှတ်လိုက်ပါကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ကတိပြုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article