28 C
Yangon

မြန်မာနိုင်ငံတွင် ယမန်နေ့ ညပိုင်း မြင်တွေ့ရသည့် အလင်းတန်းမှာ အိန္ဒိယ က စမ်းသပ်ပစ်လွှတ်လိုက် သော Agni-V နူးကလီးယား သယ်ဆောင်နိုင်သည့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်၊ ဒုံးကျည် စမ်းသပ် မှု အောင်မြင်ဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံအနှံ့အပြား ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် မြင်တွေ့ခဲ့ရသည့် အလင်း တန်းမှာ အိန္ဒိယနိုင်ငံက စမ်းသပ်ပစ်လွှတ်လိုက်သော Agni V နူးကလီးယား သယ်ဆောင်နိုင်သည့် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ကြောင်း အိန္ဒိယကာကွယ် ရေး ဝန် ကြီးဌာနကို ကိုးကား၍ အိန္ဒိယသတင်းမီဒီယာများက သတင်းဖော်ပြသည်။

အိန္ဒိယနိုင်ငံသည် ကီလိုမီတာ ၅၄၀၀ ကျော်အကွာရှိ ပစ်မှတ်များကို ထိမှန်နိုင်သည့် Agni V နျူကလီး ယား သယ် ဆောင် ပစ်လွှတ်နိုင်သော ပဲ့ထိန်းဒုံးကျည်ကို ယမန်နေ့ ညပိုင်းတွင် အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်များက ပြောဆိုသည်ဟု INDIA TV အပါအဝင် အိန္ဒိယသတင်းဌာနများက သတင်းဖော်ပြသည်။

ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ယခင်ကထက် ပိုမိုဝေးကွာသော ပစ်မှတ်များကို ထိမှန်ရန် ပစ်လွှတ် နိုင်သည့် အောင်မြင်မှု ရှိကြောင်း ၊ နျူကလီးယား ပစ်လွှတ်နိုင်သော ပဲ့ထိန်းဒုံးကျည်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် Odisha ရှိ APJ Abdul Kalam ကျွန်းတွင် စမ်းသပ် ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုစမ်းသပ်မှုသည် ယခင်ကထက် ပိုမိုပေါ့ပါးသွားသည့် ဒုံးပျံနည်းပညာသစ်များနှင့် စက်ပစ္စည်း ကိရိယာများ အသုံးပြုနိုင်ရေး ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း၊ Agni V ဒုံးပျံ ပစ်လွှတ်နိုင်သည့် အကွာ အဝေးကို မြှင့်တင်နိုင်စွမ်းရှိကြောင်း စမ်းသပ်မှုတွင် သက်သေပြခဲ့ကြောင်း ကာကွယ်ရေး သတင်း ရင်းမြစ်များက ပြောကြားသည်။

“ယခုစမ်းသပ်မှုသည် ယခင်ထက်ပိုမိုပေါ့ပါးသည့် ဒုံးခွင်းဒုံးပေါ်ရှိ နည်းပညာနှင့် စက်ပစ္စည်း အသစ် များကို အတည်ပြုရန် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ လိုအပ်ပါက Agni-V ဒုံးကျည်၏ အကွာအဝေးကို မြှင့်တင်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့သည်” ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန သတင်း ရင်း မြစ်များက ပြောကြားခဲ့သည်။

အိန္ဒိယသည် Agni-V ဒုံးပျံစမ်းသပ်မှုကို ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ လတွင် စတင်ခဲ့ကြောင်း၊ ဒုံးကျည်သည် ပစ်မှတ်များကို ထိမှန်ရန် အလွန်မြင့် မားသော တိကျမှုရှိပြီး ဒုံးပျံသည် အမြင့် ၁၇ မီတာ ရှိကာ အလေးချိန် ၁ ဒသမ ၅ တန် အလေးချိန်ရှိသော ထိပ်ဖူးကို သယ်ဆောင် နိုင် ကြောင်း သိရှိရသည်။

အိန္ဒိယသည် တရုတ်နိုင်ငံနှင့် နယ်နမိတ်အရေး တင်းမာမှုများရှိနေပြီး နှစ်နိုင်ငံ စစ် ရေး အရ ယှဉ်ပြိုင်မှု များရှိနေရာ ယခု ဒုံးပျံပစ်လွှတ် စမ်းသပ်မှုက နှစ်နိုင်ငံ ဆက် ဆံ ရေးအခြေအနေကို ဆိုးဝါးလာစေ နိုင်သည်ဟု သုံးသပ်မှုများ ရှိနေ သည်။

အိန္ဒိယအစိုးရက ဒုံးပျံ စမ်းသပ်ပစ်လွှတ်မည်ဖြစ်၍ ဘင်္ဂလားဒေ့ရှ်ပင်လယ်အော် တွင် လေယာဉ်မပျံသန်းရ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီးမှ စမ်းသပ် ပစ် လွှတ် မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ် ဝန်းကျင် အချိန်မှ စတင်ပြီး အိန္ဒိယ Agni V ဒုံးပျံစမ်းသပ် မှုကို မြင်တွေ့ရပြီး ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ပထမဆုံးမြင် တွေ့ရကာ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည် နယ်တို့တွင်ပါဆက်တိုက် မြင်တွေ့ခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ-အောက်ဖော်ပြပါပုံများမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ အိန္ဒိယနိုင်ငံ ဘက် အခြမ်းတွင် မြင်တွေ့ရသည့် Agni V ဒုံးပျံ စမ်းသပ် ပစ်လွှတ်ပြီးနောက် မြင် ကွင်း များဖြစ်ပြီး မြန်မာနိုင်ငံတွင် ယမန်နေ့ည ပိုင်း မြင်တွေ့ရသည့် မြင်ကွင်း နှင့်တူညီနေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article