37 C
Yangon

ရွှေဘိုမြို့နယ်ရှိ ဆင်အင်းရွာနှင့် မအူပင်ရွာသား ၉ ဦးကို စစ်တပ်က တစ်ရက်တည်း ဖမ်းဆီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆင်အင်းရွာနှင့် မအူပင်ရွာသား ၉ ဦးကို စစ်တပ်က တစ်ရက်တည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆင်အင်းရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ​ကျေးရွာနေ ပြည်သူ ၄ ဦးဖြစ်သည့် ကိုဆွေဦး၊ ကိုထွန်းမင်း၊ ကိုမောင်လွင်နှင့် မွေးရာပါ စိတ်ရောဂါ ခံစားနေရသူ ကိုစည်သူ တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က မအူပင်ရွာကို ထပ်မံ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ကျေးရွာနေ ပြည်သူ ၃ ဦးဖြစ်သည့် စိတ်ရောဂါ ခံစားနေရသူ ကိုကံငြိမ်း၊ အမည်မသိ ပြည်သူ ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် လက်နက်ကြီးကျည် ထိမှန်ကာ မဝင်း ဆိုသည့် အမျိုးသမီး တစ်ဦးလည်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး အဖိုးအို ၁ ဦးလည်း နှလုံးရပ်ကာ သေဆုံးသွားကြောင်း သိရသည်။

” ဆင်အင်းရွာက ပြည်သူ ၄ ဦးအသတ်ခံရပါတယ်။ ကိုဆွေဦး၊ ကိုထွန်းမင်း၊ ကိုမောင်လွင်နဲ့ မွေးရာပါ စိတ်ရောဂါ ခံစားနေရတဲ့ ကိုစည်သူ တို့ကို စစ်ခွေးတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ မအူပင်ရွာမှာက မဝင်း လက်နက်ကြီး မှန်သေဆုံးတယ်။ အဖိုးအို ၁ ဦး အကြောက်လွန်ပြီး သေဆုံးတယ်။ စိတ်ရောဂါခံစားနေရတဲ့ ကိုကံငြိမ်းသေဆုံးနဲ့ အမည် မသိသေးသူ ၂ ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်” ဟု ရွှေဘိုခရိုင် သတင်းစုံအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆင်အင်းရွာနှင့် မအူပင်ကျေးရွာအကြား လှည့်ပတ်သွားလာနေကာ စခန်းချရပ်နာထားမှုများရှိသောကြောင့် ဒေသခံ ပြည်သူများ လက်ရှိချိန်ထိ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသည့် ဆင်အင်းရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article