36 C
Yangon

ကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံး ပျက်စီးပြီး ပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဗဟို ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ သထုံခရိုင် တပ်မဟာ (၁) အတွင်းရှိ ကျေးရွာ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ကျောက်ဖျာ ကျေးရွာနှင့် ဇီးပြောင်း ကျေးရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၄ လုံး လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ သိမ်ဇရပ် အခြေစိုက် (အမတ−၃၁၀) မှ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉ နာရီ ၁၈ မိနစ် တွင် ကျောက်ဖျာကျေးရွာ အတွင်း လက်နက်ကြီး ၇ လုံးခန့် ပစ်ခတ်ခဲ့ပြီး ည ၁၂ နာရီ ၂၁ မိနစ်တွင် ဇီးပြောင်းကျေးရွာအတွင်းသို့ လက်နက်ကြီး ၉ လုံးခန့် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ ပြည်သူများ နေထိုင်သည့် ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ကျောက်ဖျာကျေးနယ် နှင့် ဇီးပြောင်း ကျေးနယ်မှ ထွက်ပြေး ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပျဥ်းကတိုးကုန်းကျေးရွာ အတွင်းသို့ အကြမ်းဖက် စစ်တပ်မှ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးနေကြောင်း၊ သိမ်ဇရပ်အခြေစိုက် (အမတ-၃၁၀) နှင့် (ခမရ -၂၀၇) မှလက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ပြီး ဒေသခံ ပြည်သူများကို ခြိမ်းခြောက်မှု ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article