28 C
Yangon

သပိတ်ကျင်းတွင် ရာအိမ်မှူးနှင့် စစ်တပ်သတင်းတို့ ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်ခန့် ရာအိမ်မှူးနှင့် စစ်တပ် သတင်းပေးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွား​ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ကြာညှပ်အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၌ စစ်တပ်ခန့် ရာအိမ်မှူး မောင်မြင့်နှင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် မင်းကုန်းရွာရှိ စစ်တပ် သတင်းပေး ထွန်းထွန်းတို့ကို ကြာညှပ်အဖွဲ့က မင်းကုန်းရွာအနီး တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင်လည်း တကောင်း၊ ထီးချိုင့်ဘက်သို့ အင်အားပို့ဆောင်နေသော စစ်ကောင်စီ တပ်သား များ တင်ဆောင်လာသည့် လိုက်ထရက်ကား ၁ စီးကို ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဆယ်ဇင်းကုန်းရွာနှင့် မင်းကုန်းရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” မိုင်းဆွဲတိုက်ခိုက်တာတော့ စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု အ​ခြေအနေ အတည်မပြုနိုင်သေးဘူး။ ရာအိမ်မှူးနဲ့ သတင်းပေးကိုတော့ ရှင်းလင်းနိုင်ခဲ့တယ်” သပိတ်ကျင်းမြို့နယ် ပကဖ ကြာညှပ်အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo – ရာအိမ်မှူး မောင်မြင့်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article