30 C
Yangon

လားရှိုး-ကွမ်းလုံ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ် သား ၃ ဦးသေဆုံး၊ ကညွတ်ကွင်းရှိ ခမရ ၄၃၉ တပ်ရင်းဂိတ်နှင့် မင်းကင်းရှိ ပျူစောထီးစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး-ကွမ်းလုံလမ်းတွင် စစ်တပ်နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် သတင်းရင်းမြစ် The Kokang က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား (၃) ဦး သေဆုံး ပြီး MNDAA တပ်သား ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း The Kokang ၏ အဆိုအရ သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ မူပန်ခရိုင်(သိန္နီဒေသ)၊ လားရှိုး-ကွမ်းလုံလမ်းပေါ်ရှိ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မ တော် (MNDAA) တပ်မဟာ (၂၁၁)တပ်ရင်းအနီးသို့ အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့ မြောက် စစ်ဒေသ အမှတ် ၃၁၂ တပ်ရင်းမှ အင်အား ၁၀၀ ခန့်ဖြင့် ချဉ်းကပ် လာ ရာ နေ့လည် ၁၂ နာရီခန့် တွင်တိုက် ပွဲပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ခန့်တွင် တိုက်ပွဲ ပြီးဆုံးခဲ့ကြောင်း သိရ သည်။

ထို့ပြင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက် အောက်ခံ ခမရ( ၄၃၉) ခြေမြန်တပ်ရင်း လုံခြုံရေးဂိတ်ကို ဒီဇင်ဘာလ ၈ ရက် ညနေ ၅ နာရီ ဝန်းကျင်အချိန် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်း အထန် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း လုံခြုံရေးဂိတ်၌ အကြမ်းဖက် စစ် သား ၄ ဦး ရှိပြီး ဖြူးမြို့နယ် ပကဖ (9 Kwins Fighters Force မြို့ပြ ပျောက် ကျားအဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင် ရောက်ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကင်းတဲထဲမှာက ၄ ယောက်ရှိတာကို ချက်ချင်းဝင်ပစ်ခဲ့တာ၊ စစ်ခွေးတွေ ပြန် တောင်မပစ်နိုင်ဘူး၊ တစ် ဦးက ကျည်မထိမှန်ခဲ့တာ၊ ပုန်းရှောင်နေလိုက်လို့ ၊ တပ်ဝင်းထဲကလည်း ထွက်ပစ်တာမခံခဲ့ရဘူးလို့ သိရ တယ်၊ ရုတ်တရက် ချက် ချင်းဝင်ပစ်၊ ချက်ချင်းဆုတ်လာခဲ့တာဆိုတော့” ဟု Bago Regional PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ နောက်ဆက်တွဲအခြေအနေကို ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျော်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ၆ ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံး ခဲ့ကြောင်း စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDF ထံမှ သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့၌ စနစ်တကျကင်းပုန်းဝပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့၌ ကျော်ရွာ၏ အရှေ့ဘက် သစ်တောစခန်းကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့၌ နွားဆွဲရန် ထွက်လာသော ပျူစောထီး၂ ဦးကို စနိုက်ပါဖြင့် ပစ်ခတ် ခဲ့ရာ ၁ ဦးထိမှန်သေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့၌ ကျော်ရွာရှိ အကြမ်း ဖက်စစ် သားပျူစော ထီးများကို လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့၌ ကျော် ရွာ နံဘေးရှိ အရေးကြီးတောင်ကုန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့၌ ကျော်ရွာ၏ အနောက်ဘက်ကျွန်းတောအတွင်းသို့ ပျူစောထီးများ ထွက်လာရာ ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး အများအပြားပစ်ခတ်ခဲ့ သည့်အတွက် ပြားသုံး ကျေးရွာအတွင်း လက်နက်ကြီး တစ်လုံးကျ ရောက်ပေါက်ကွဲခဲ့ ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုများကို စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDF၊ SPTF (စစ်ကျွန်မခံ မြွေဆိုးတသိုက် PDF တပ်ခွဲ – ၃)၊ ရွှေတြိဂံတပ်ရင်း (GTF) ၊ GTF တပ်ခွဲ -၁ (IRF) ၊ တပ်ခွဲ -၂ (ယက္ခညီနောင်) ၊ တပ်ခွဲ – ၅ (EFF) ၊ တပ်ခွဲ -၆ (တိမ်ပျံပျောက်ကြားတပ်ဖွဲ့) ၊ Eagle Defense Force ၊ မဲမှောင်တပ်ဖွဲ့၊ ရွှေသမင် မုဆိုး Local TD PDF ၊ တောတွင်း ဗိုလ်ချုပ်သွေး၊ တောင်တွင်းနဂါး ပကဖ တပ်ရင်း တို့ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article