34 C
Yangon

မြိုင်တွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသည့် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက် ၂ ဦးသေ ၂နှစ်ဦးဒဏ်ရာရ

Must read

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁

မြိုင်မြို့နယ်တွင်ခရီးသွားပြည်သူများကို ဆက်ကြေးကောက်နေသည့် ကိုင်းတောမရေစက်တွင်းစောင့် အကြမ်း ဖက်စစ်ကောင်စီ ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း မြိုင် ပကဖ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာကပြောသည်။

စက်မှု ၂ သို့ရေပေးသည့် ကိုင်းတောမရေးစက်တွင်းစောင့် အကြမ်းဖက်စစ်ကောင်စီ ၅ ဦးသည် ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ခရီးသွားကားများကို ဆက်ကြေးကောက်ရန် ဆုံကုန်းတံတားသို့ထွက်လာရာ တံတားထိပ် အရောက်တွင် ရှေ့ထွက်မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လင်္ကျာကပြောသည်။

“ ဒီကောင်တွေက အဲဒီနားမှာ ဆက်ကြေးကောက်နေကြ တံတားထိပ်မှာ မိုင်းဆွဲတိုက်ခိုက်တာ ၂ ကောင် ပွဲချင်းပြီးသေတယ်၊ ၂ကောင်ကတော့ ဒဏ်ရာပြင်းတယ် တစ်ကောင်ကတော့လွတ်သွားတယ်။” ဟု ဗိုလ်လင်္ကျာကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ( ၁ ) ၊ တပ်ခွဲ – ၁ ၊ တပ်ခွဲ -၄ ( စင်္ကြာ ဒေသကာကွယ်ရေးတပ်ဖွဲ့) နှင့် မုန်တိုင်းတပ်ဖွဲ့တို့ ပူပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article