28 C
Yangon

နိုင်ငံတစ်ဝန်း ကောင်းကင်ယံမှ အလင်းတန်းနှင့် အငွေ့တန်းတစ်ခု ရွေ့ လျား သွားမှုကို တွေ့မြင်ရဟု ပြည်သူများ ပြောဆို၊ စစ်ကိုင်းတိုင်းမှ ပြည်သူများ ထိတ်လန့်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အပါ အဝင် ပြည်နယ်/တိုင်းတချို့မှ ပြည်သူများက ယနေ့ ညနေပိုင်း ကောင်း ကင် ယံမှ အလင်းတန်းနှင့် အငွေ့တန်းတစ်ခု ရွေ့လျား သွားမှုတစ်ခုကို တွေ့ မြင် ရ ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဗီဒီယို၊ ဓာတ်ပုံ များနှင့်တကွ သတင်းပေးပို့ ပြောဆိုကြသည်။

“ဒီညနေ ၆ နာရီ ၅၅ မိနစ်က အလင်းရောင်ကလည်းဖြာထွက်နေတာပဲ။ အငွေ့တွေလွှတ်ပြီးသွားနေတာ မြင်ရတယ်။ ဘာကြီးမှန်းလည်းမသိဘူး။ တရွေ့ရွေ့သွားနေတာ။ ဂြိုလ်တုလား ဘာလားတော့မသိဘူး။ ဒီဘက်က လူတွေက နဂိုကမှ လေကြောင်းတိုက်ခိုက်မှုတွေ ကြောက်နေရတော့ အရမ်း လန့်ကုန်ကြတယ်။ မြင်ရတာ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘိုဘက်က လူတွေ အကုန်မြင်ကြတယ်။ ခွေးတွေများ တစ်ခုခုလုပ်တာလားလို့ လန့်နေတာ” ဟု ခင်ဦး ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မှ ပြည်သူတချို့ကလည်း ယနေ့ ညပိုင်းတွင် ကောင်းကင်ယံတွင် အလင်းတန်းကြီးတစ်ခုဖြာထွက်ပြီးအငွေ့များ ထုတ်လွှင့်မှုကို မြင်ရသည်ဟု ဆိုကြသည်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှ ပြည်သူတချို့ကလည်း ယနေ့ညနေ ၆ နာရီ မိနစ် ၅၀ ခန့်အချိန် ကောင်းကင်ယံတွင် ဆလိုက်မီးကဲ့သို့ ဝင်းထိန်ပြီး အငွေ့များ ထုတ်လွှင့်နေသော ရွေ့လျားမှုကို မြင်တွေ့ရသည်ဟုဆိုကြသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမှ ဒေသခံတချို့ကလည်း ယင်းမြင်ကွင်းကို တွေ့မြင်ရ သည်ဟုဆိုကြသည်။

“ဂြိုလ်တုဆိုရင်လည်း အဲဒီလိုကြီးတော့ အလင်းတွေ ဖြာထွက်ပြီး မြင်ရမယ် မ ထင်ဘူး။ လေယာဉ်လည်းမဟုတ်ဘူး။ အငွေ့တွေကတော့ အင်ဂျင်က ထွက် တာမျိုး ပဲထင်တာပဲ ။ ဘာမျိုးလဲတော့ သေချာမသိဘူး။ ဂြိုလ်တုအမျိုးအစား တစ်ခုနေမယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံနေရာအနှံ့အပြားမှ မြင်တွေ့ရသည့် အလင်းတန်းနှင့် အငွေ့တန်း ရွေ့လျားသွားလာမှု မြင်ကွင်းဓာတ်ပုံများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article