31 C
Yangon

သရက်ချောင်းနှင့် ပုလဲမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံး

Must read

သရက်ချောင်းနှင့် ပုလဲမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်း စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ပဲဒက်ကျေးရွာဘက်သို့ စစ်ကူပေးပြီး အကြမ်းဖက် စစ်သား ၁၀ ဦးခန့်လိုက်ပါလာသော Vigo ကားတစ်စီးဖြင့် စုံစင်ဖျားကျေးရွာရှိ နေအိမ်တစ်လုံးတွင် စခန်းချနေထိုင်နေစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုများပါ ဆက်လက်ဖြစ်ပွားခဲ့ပြီး စုံစင်ဖျားရွာ မီးသတ်ရုံးရှိ အကြမ်းဖက် စစ်သား ၅၀ ခန့်မှ လက်နက်ကြီးများဖြင့် ပစ် ခတ်၍ စစ်ကူလိုက်လာသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင် ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာအနောက်ဘက်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် နေ့လည် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တို့ ကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက်တပ်သားများနှင့် ဇီးပျူကုန်း ကျေးရွာမှ ပျူစောထီအင်အား ၄၀ ခန့်ကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၉ (Pale Jokers PDF)အဖွဲ့မှ လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်အထိ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ၊ တပ်ရင်း ၂၀၊ တပ်ရင်း ၁၂ ၊ တပ်ရင်း ၈ ၊ တပ်ရင်း ၇ နှင့် M7 PDF တို့ပူးပေါင်းကာ ပုလဲမြို့နယ်၊ သပြေအေးရွာအနောက်အထိ လိုက်လံ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Pale Jokers PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article