29 C
Yangon

သပိတ်ကျင်း၊ ဆယ်ဇင်းကုန်းကျေးရွာထိပ်ရှိ မန္တလေး-ဗန်းမော်လမ်းပေါ် စစ်ဆေး ရေးဂိတ်မှ ပြန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ရဲနှင့် စစ်သား ၄ ဦးသေဆုံး

Must read

သပိတ်ကျင်း၊ ဆယ်ဇင်းကုန်းကျေးရွာထိပ်ရှိ မန္တလေး-ဗန်းမော်လမ်းပေါ် စစ်ဆေး ရေးဂိတ်မှ ပြန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ရဲနှင့် စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းကျေးရွာထိပ်ရှိ မန္တလေး-ဗန်းမော်လမ်း စစ်တပ်စစ်ဆေးရေးဂိတ်မှ ပြန်လာသည့် စစ်ကြောင်းကို PDF က မိုင်းဆွဲတိုက်ခိုက်ရာ ရဲနှင့်စစ်သား ၄ ဦးသေဆုံးကြောင်း သပိတ်ကျင်း မြို့ နယ် (ပ.က.ဖ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်မှ ဗိုလ်စိုးကြီးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေး-ဗန်းမော်လမ်း၊ ဆယ်ဇင်း ကုန်းရွာထိပ်တွင် ခရီးသွားဆိုင်ကယ်နှင့် ကားများကို ငွေညှစ် တောင်းခံ မှုများ ပြုလုပ်နေသည့် ကြာညှပ်စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ ဗိုလ်မှူးတစ်ဦးပါ အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ရဲ ၈ ဦးသည် စစ်ဆေးရေးဂိတ်မှ ပြန် လာစဉ် ကိုးပင်ကျေးရွာနှင့် ပုတီးဖြူကျေးရွာအကြားတွင် စလစ်မိုင်း နှစ်လုံး ၊ ရှေ့ထွက်မိုင်း နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ရဲ စုစုပေါင်း ၄ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို သပိတ်ကျင်း မြိုန့ယ် (ပကဖ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်နှင့် လျှပ်စီး ပြောက် ကြားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဖြစ်စဉ်က ကိုးပင်ရွာနဲ့ ပုတီးဖြူရွာကြားမှာပါ။ စခတွေဘက်က ပြန်ပစ်တာတွေ ရှိတယ်။ စစ်တပ်ဘက်က ၄ ဦးသေပြီး ၃ ကောင်ကတော့ မသေမရှင်ဖြစ် နေ တယ် ။ ကြာအင်းစစ်ဆေးရုံကို မနေ့က တစ်ခါတည်း ကား ၂ စီးနဲ့ သယ်သွား တာ” ဟု သပိတ်ကျင်းမြို့နယ်(ပ.က.ဖ) ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – ကြာ ညှပ်မှ ဗိုလ်စိုးကြီးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက် အကျ အဆုံး မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ မိုင်းဆွဲတိုက် ခိုက်ခံရ သည့် နေရာတွင် ဂိတ်ချပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ရမ်းသမ်း ပစ်ခတ်မှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အခုမနက်ဖြစ်စဉ်ဖြစ်သွားတဲ့နေရာမှာခွေးတွေအင်အား ၂၀ လောက်ကား လမ်း ဘယ်/ညာ ကိုရှာဖွေနေပြီး လက် နက် ကြီးလက်နက် ငယ်တွေ နဲ့ရမ်း သမ်းပြစ်ခတ်နေပါတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့မှ စစ်ဆေးရေးဂိတ်တစ်ခု။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article