Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရန်ကုန်တိုင်း၊ စမ်းချောင်း၊ ဝေဠုဝန်မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင် နဲ့ ရာအိမ်မှူး ထွန်းထွန်း ဆိုသူတို့ ၂ ဦးဟာ ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ လက်ဖက်ရည်သောက်နေတဲ့ အချိန် ပစ်ခတ် ရှင်လင်းခံရပြီး သေသွားတယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။
– မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်း- ကျေးရွာထိပ်မှာရှိတဲ့ မန္တလေး-ဗန်းမော်လမ်း စစ်ဆေးရေးဂိတ်က ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ PDF တပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နဲ့ ရဲ စုစုပေါင်း ၄ ဦး သေသွားတယ်လို့ သပိတ်ကျင်း မြို့ နယ် (ပ.က.ဖ) ကြာညှပ်ရဲ့ ဗိုလ်စိုးကြီးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
– တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်သား တွေကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်မှုအပြင်၊ လက်နက်ငယ်တွေနဲပါ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၂ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
See translation