ငါ့သရောက်မြို့နယ် EPC ရုံးကို ဝင်ရောက် တိုက်ခိုက်မှု သေနတ် ၁ လက် သိမ်းဆည်ရမိ၊ ငါးဇွန်တွင် ပျူစောထီး ၁ ဦးကို ဖမ်းဆီး စစ်ဆေးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ရာမှ သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မန္တလေး၊ ငါးသရောက်မြို့နယ်၊ လျှပ်စစ်မီတာရုံးကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း ပုဂံပြည် ဘီလူးတပ် တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခဲ့တွင် ညောင်ဦးခရိုင် တပ်ရင်း ၅ မှ ဦးဆောင်ပြီး ငါ့သရောက်မြို့နယ် လျှပ်စစ် မီတာရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ကာ အူဇီ သေနတ် ၁ လက်၊ ဖုန်း ၆ လုံး၊ လက်တော့ ၁ လုံးနှင့် အခြား ပစ္စည်းများ သိမ်းဆည်နိုင်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီတာရုံးမှ EPC ဝန်ထမ်းများအား တစုံတရာ ထိခိုက်အောင် မပြုလုပ်ခဲ့ကြောင်း၊ EPC ဝန်ထမ်းများ အနေဖြင့် ပြည်သူများနှင့် အတူပေါင်းကြရန်၊ စစ်တပ် အလိုကျ မီတာခ အတင်းအဓမ္မ ကောင်ခံခြင်း မပြုလုပ်ရန် သတိပေးပြောဆိုခဲ့ကြောင်း Bagan Ogre Force (P.D.F) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် မန္တလေး၊ ငါးဇွန်မြို့နယ်၊ ရေဇင်းရွာမှ ပျူစောထီးအဖွဲ့ဝင် ဘိဘိ(ခ)ဇင်မျိုးထက်ကို ဖမ်းဆီးပြီး စစ်ဆေးနေစဉ် ခုခံထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း TGYR အဖွဲ့ခေါင်း ဆောင် CEO က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။
မနေ့က ဒီဇင်ဘာလ ၂၃ ရက်နေ့ညပိုင်းက ရေဇင်းကျေးရွာတွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီ သတင်းပေး၊ ပျူစောထီးအဖွဲ့ဝင် ဘိဘိ(ခ) ဇင်မျိးထက်ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးကာ စစ် ဆေးခဲ့ကြောင်း၊ ၎င်း၏ထွက်ဆိုချက်အရ နောက်ကွယ်မှ ကြိုးကိုင်နေသူတစ်ဦးရှိကြောင်း TGYR –Youth Guerilla Counter Revolution (LPDF) ထုတ်ပြန်ချက်အရ သိရသည်။
“သူက ပျူပေါက်စပဲ ရှိသေးတယ်။ သူ့ကြောင့် ကျွန်တော်တို့ ရဲဘော်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်၊ ကျနော် တို့ PDF လှုပ်ရှားမှုတွေကို စစ်ခွေးတွေထံ အမြဲတမ်းသတင်းပေးနေကြ၊ သူ့ကာကွယ်ပေးမယ့် သူ့ပထွေး တွေ တခြားရွာမှရောက်နေတုန်း ဝင်ဖမ်းခဲ့တာ၊ စစ်ဆေးနေတုန်းထွက်ပြေးဖို့ ကြိုးစားတာနဲ့ ပစ်ခတ်ရင်း သေဆုံးသွားပါတယ်” ဟု TGYR အဖွဲ့ခေါင်း ဆောင် CEO က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြော ကြားသည်။
ယခု စစ်ဆင်ရေးကို TGYR –Youth Guerilla Counter Revolution (LPDF)၊ မာန်စွယ်ကျားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် BHGF-Black Hero Guerilla Force တို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီထောက်တိုင် သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် အကြမ်းဖက်စစ် ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်၊ ဆက်လက်ပြုလုပ်နေမည်ဆိုပါက တွေ့သည့်နေရာတွင် အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း TGYR အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

