33 C
Yangon

ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းကို စစ်တပ်က ယနေ့ ဒီဇင် ဘာ လ ၂၄ ရက်နေ့တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ် လျက်ရှိ ကြောင်း‌ ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် ချောင်းဦးမြို့နယ် ၊ အမြင့်မြိုု့ဟောင်းကို စစ်တပ်က တိုက် ခိုက်ရေး ရဟတ်ယာဉ်ဖြင့် မိနစ် ၂၀ အကြာ လှည့်ပတ်ပစ်ခတ်လျက်ရှိကြောင်း‌၊ ကျေးရွာမှ ပြည်သူများမှာ ထွက်ပြေး တိမ်း ရှောင်နေရကြောင်း‌ ဒေသ ပြည်သူများက ပြောဆိုသည်။

“မနက် အမြင့်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကျဲတာ ရဲ ၂ ဦးသေသွားတယ်လို့ ကြားတယ်။ အဲဒါ အမြင့် မြို့ဟောင်းနှင့် အနီးတစ်ဝိုက်ကို မုံရွာ န.မ.ခ မှ MI. 35 တစ်စီး ဖြင့် မိနစ် ၂ဝ ခန့်ပစ်ခတ်သွားတယ်။ ပြည်သူတွေ ဘေးလွတ်ရာသို့ တိမ်း ရှောင် ကြနေရပါတယ်။ မနက်က ဒရုန်း နဲ့ ရဲစခန်းကို ဗုံးကျဲတာကြောင့်လို့ ပြော တယ်။ အခုတော့ ရဟတ်ယာဉ်က ပြန်လှည့်သွားပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ချောင်ဦး၊ အမြင့်မြို့ဟောင်းတစ်ဝိုက်တွင် စစ်ရေးတင်းမာနေပြီး မြေပြင်စစ်ကြောင်းတချို့ကလည်း စစ်ကြောင်း ထိုးရန် ပြင်ဆင်နေသည် ဆို သော သတင်းများ ရရှိထားကြောင်း ဒေသခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article