28 C
Yangon

လောင်းလုံးနှင့် နွားထိုးကြီးတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး၊ ပျူစောထီး ၂ ဦး၊ စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး

Must read

လောင်းလုံးနှင့် နွားထိုးကြီးတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး၊ ပျူစောထီး ၂ ဦး၊ စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် ပျူစောထီး ၂ ဦးတို့ ပစ်ခတ် ခံရပြီး ၃ ဦးသေဆုံး​ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ်၊ လောင်းလုံး-ကျောက်နီမော် လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ပြုံးချိုကို လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့-LLPDF မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော တပ်ကြပ်ကြီး ပြုံးချိုထံမှ စစ်ဝတ်စုံ ယူနီဖောင်း ၂ စုံ ၊ ခရာကြိုး ၁ ခု ၊လုံချည် ၂ ထည်၊ အင်္ကျီ ၂ ထည် ၊ မှတ်ပုံတင် ၃ ချပ် ၊ ဆိုင်ကယ် ၁ စီး၊ မှတ်တမ်းစာအုပ် ၁ အုပ်၊ ကြည့်မျက်မှန် ၁ ခု၊ ဖုန်း ၁ လုံး၊ ကြောပိုးအိတ် ၁ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ စစ်ကောင်စီတပ်ဖွဲ့ ဝင် ကဒ် ၁ ကဒ်၊ ဓာတ်မီး ၁ လုံး၊ စာရွက်စာတန်းများ၊ စားစရာတချို့နှင့် ပိုက်ဆံ ၂၅၃၀၀ ကျပ်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် မောင်းမကန် ရွာတွင် နေထိုင်သည့် ပျူစောထီး ခေါင်း ဆောင် စိုးသိန်း(ခ) သက်ရှည်နှင့် သမက်ဖြစ်သူ စစ်မှုထမ်းဟောင်း ပျူစောထီး သင်တန်းဆင်း နိုင်ဦးတို့ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် စိုးသိန်း(ခ) သက်ရှည်နှင့် သမက်ဖြစ်သူ ပျူစောထီး နိုင်ဦးတို့သည် လက်နက်ကိုင်ဆောင်ပြီး ပျူစောထီးများကို စစ်သင်တန်းပြန်ပေးနေသူများ ဖြစ် ကြောင်း၊ သမီးဖြစ်သူ အေးလဲ့ထွေး(ခ)မီးကန်းသည် ငွေကြေးဖြင့် ပျူစောထီးအဖွဲ့ဝင်များ တိုးပွားရန် စုဆောင်းသူဖြစ်ကြောင်း၊ စစ်ကောင်စီထံ သတင်းပေး၍ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခိုင်း သူတစ် ဦးလည်းဖြစ်ကြောင်း၊ လောင်းလုံး PDF တပ်ဖွဲ့က အကြိမ်ကြိမ် စောင့်ကြည့်ခဲ့ပြီး ၎င်းတို့ နေအိမ်များ အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ လုံခြုံရေးအရ လက်နက်ရှာဖွေ သိမ်းဆည်းနိုင်ခြင်း မရှိ ကြောင်း သိရသည်။

အလားတူ မန္တလေး၊ နွားထိုးကြီးမြို့ပေါ်တွင် နေထိုင်သည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ထွန်းရှိန် ကို ဖမ်းဆီး စစ်ဆေးစဥ် သေဆုံးခဲ့ကြောင်း Natogyi Tiger Black အဖွဲ့မှ ဗိုလ်ဥက္ကာက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ထွန်းရှိန်ကို Natogyi Tiger Black အဖွဲ့က ဖမ်းဆီး စစ်ဆေးစဥ် ရိုင်းပြစွာပြောဆိုခြင်း၊ စစ်မေးသူ၏ မျက်နှာကို တံတွေးဖြင့် ထွေးခြင်းများ ပြုလုပ်ခဲ့ပြီး ခုခံသဖြင့် ပစ်ခတ် ဟန့်တားရာမှ ကျည်ထိမှန် သေဆုံး ခဲ့ ကြောင်း သိရသည်။

သေဆုံးသွားသော ထွန်းရှိန်သည် စစ်တပ် သတင်းပေး တစ်ဦးဖြစ်ပြီး ၎င်း သတင်းပေး တိုင်ကြားခြင်း ကြောင့် PDF ရဲဘော် ၅ ဦး ဖမ်းဆီးခံရကြောင်း၊ ထွန်းရှိန်သည် မုဒိမ်းကျင့် သတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ထားသူ ဖြစ်ကြောင်း Natogyi Tiger Black အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

“ဒလန် ထိန်းရှိန် က စစ်တပ်ရဲ့ သတင်းပေးဒလန်တစ်ယောက်ဖြစ်တယ်။ ထိန်းရှိန် က သတင်းပေးလို့ ရဲဘော် ၅ ဦးအဖမ်းခံရတယ်။ သူက မုဒိမ်းမှု ၃ မှုကျူးလွန်ထားတယ် ။ ထိန်းရှိန်ကို မနေ့မနက်ပိုင်း စစ်ခွေး တွေက အရက်၀ယ်ခိုင်းတယ်။ အရက်ဆိုင်ထဲမှာ ဖမ်းပြီး ခေါ်လာတယ်။ ဒီဘက်ရောက်တော့ စစ်ဆေးမေးမြန်းတယ်။ စစ်ခွေး တွေကအရက်၀ယ်ခိုင်းလို့ ဆို ဖြေတယ်။ စစ်ခွေး တွေက ဘာတွေ ပေးလို့ ဒီအလုပ်ကိုလုပ်တာလဲမေးတော့ မေးမြန်းနေတဲ့ရဲဘော်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးတယ်။ ခုခံတယ်။ လက်လုပ်သေနတ်နဲ့ နဲ့ ၂ချက်ပစ်လိုက်ရာမှာ သေဆုံးပါတယ်” ဟု ဗိုလ်ဥက္ကာက ရှင်းပြ သည်။

စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ ပျုစောထီးများကို တိုက်ခိုက်ရန် လက်နက်ခဲယမ်းနှင့် ကျည်ဆန် များ လိုအပ်လျက်ရှိကြောင်း Natogyi Tiger Black အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article