26 C
Yangon

DVB မှ အလွတ်တန်းသတင်းထောက် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦး ကို အမြန်လမ်းရဲကင်းစခန်းတိုက်ခိုက်သည်ဟု စွပ်စွဲပြီး ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်

Must read

DVB မှ အလွတ်တန်းသတင်းထောက် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦး ကို အမြန်လမ်းရဲကင်းစခန်းတိုက်ခိုက်သည်ဟု စွပ်စွဲပြီး ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်

ရန်ကုန်၊ ဇူလိုင် ၃၀

DVB သတင်းဌာနမှ အလွတ်တန်းသတင်းထောက် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦးကို အမြန် လမ်းရဲကင်းစခန်းကို တိုက်ခိုက်သည်ဆိုသော စွပ်စွဲ ချက်ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ တောင်ငူခရိုင် တရားရုံးကနေ ရဲ ၅ ဦးသေဆုံးခဲ့သော အမြန်လမ်းဇဟားရဲကင်း စခန်း တိုက်ခိုက်ခံရမှုအတွက် DVB အလွတ် တန်း သတင်းထောက် ကိုကျော်အောင်(ခ) မင်းမင်း(ကညွတ်ကွင်း)၊ ကိုပိုင်သဲဦး၊ ကိုစိုးသူအောင်၊ ကိုမြဝင်းကျော်၊ ကိုကျော်နိုင်ဦး၊ ကိုကောင်းဆင့်သာ၊ ဒေါ်ပုလဲ ဆေး၊ ကိုစောနိုင်ဦး တို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ် လိုက်ခြင်း ဖြစ် ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေးအမြန်လမ်း ဘေး ဇဟားရဲကင်းကို တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းစခန်းတိုက်ခိုက်ခံရမှုအတွက် ရဲများက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် DVB အလွတ်တန်းသတင်းထောက်အပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦးကို ရမ်းသမ်း ဖမ်းဆီးကာ ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article