37 C
Yangon

ကုန်းလမ်းခရီးမိုင်းဆွဲတိုက်ခိုက်ခံရမှုများပြား၍ မြိတ်မြို့နှင့်ပုလောဘက်သို့ စစ်သင်္ဘော၊ စက်လှေများဖြင့် စစ်သားများသယ်ယူပို့ဆောင်ရေး လုပ်နေ

Must read

ကုန်းလမ်းခရီးမိုင်းဆွဲတိုက်ခိုက်ခံရမှုများပြား၍ မြိတ်မြို့နှင့်ပုလောဘက်သို့ စစ်သင်္ဘော၊ စက်လှေများဖြင့် စစ်သားများသယ်ယူပို့ဆောင်ရေး လုပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်း မြိတ်မြို့နှင့်ပုလောမြို့များထံသို့ စစ်သင်္ဘောများ၊ ငါးဖမ်းစက် လှေ များဖြင့် စစ်သားများ ပို့ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ပုလောတိုက်ပွဲကို စစ်ခွေးတွေ ကုန်းလမ်းက မသွားရဲတော့ဘူး။ မိုင်းထိပြီး အကျအဆုံး များတော့ ရေလမ်းက ထောက် ပို့လုပ်ပေးနေတာ။ ငါးဖမ်းပိုက် လှေအသွင်ယူပြီး ပို့နေတဲ့ လှေထောက်ပို့လုပ်တယ်။ စစ်သင်္ဘောတွေနဲ့ ထား ဝယ် ပုလောဘက်ကို အထက်မြို့ကနေပြီး စစ်ခွေး အင်အား ၁၅၀ ဝန်းကျင် မြိတ် မြို့ကိုလာပို့တယ်။ မြိတ်မြို့ကနေ စစ်လှေအငယ်တွေနဲ့ ပုလောဘက်ကို ပြန်သယ်တယ်။ ၃ ခေါက်လောက် ရှိပါပြီ။ မြိတ်မြို့က သူတို့ရဲ့အဓိကတပ် ရင်းဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

မြိတ်မြို့ရှိ သူဌေး လှသန်းသည် အကြမ်းဖက် စစ်ကောင်စီတပ်များကို လှေများ ဖြင့် သက်ယူပို့ဆောင်ပေးနေကြောင်း ၊ ပုလောတိုက်ပွဲ စဖြစ်သည့်အချိန်မှ စ၍ ပုလောဘက်သို့ ငါးဖမ်းလှေများဖြင့် စစ်သားများပို့ဆောင်သည့်နည်းလမ်းကို အသုံး ပြုနေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဦးလှသန်းရဲ့ ပုစွန်ငါးရုံးကို စစ်ခွေးအဖွဲ့ကို လုံခြုံရေးလုပ်ဖို့သွား နေကြ ပါတယ်။ နှစ်ကူးပွဲတော်ပြုလုပ်ဖို့ ရှိလို့အကောင်ကြီးတွေလည်း လာဖို့ရှိတယ် ပြော တယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article