28 C
Yangon

တမူးတွင် စစ်အရာရှိ ၁ ဦး ၊ စစ်တပ်မိတ်ဖက် SNA အရာရှိ ၊ ပျူစောထီးများ အပါအဝင် ၇ ဦး လိုက်ပါ သော ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး အားလုံး သေဆုံး၊ လက်နက် ၆ လက်ရရှိ

Must read

တမူးတွင် စစ်အရာရှိ ၁ ဦး ၊ စစ်တပ်မိတ်ဖက် SNA အရာရှိ ၊ ပျူစောထီးများ အပါအဝင် ၇ ဦး လိုက်ပါ သော ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး အားလုံး သေဆုံး၊ လက်နက် ၆ လက်ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက် အောက် ခံSNA နှင့်ပျူစောထီးများ လိုက်ပါလာသော ကားကို PDF ပူးပေါင်း တပ်က ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာသော ၇ ဦး သေဆုံးပြီး လက်နက် များ သိမ်းဆည်းရမိခဲ့ကြောင်း တမူး PDFထံမှ သိရသည်။

ဒီဇင်ဘာလ၂၈ရက်၊ နံနက်(၉)နာရီအချိန်ခန့် တမူးခရိုင်တပ်ရင်း(၁)၊ KNA (Burma) နှင့် KCNDF မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များသည် မြို့သစ် မြို့ နယ်အတွင်း ၌ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် စစ် ကောင် စီ တပ်၊ SNA နှင့် ပျူစောထီးအဖွဲ့ဝင် ၇ ဦး မောင်းနှင်လိုက်ပါ လာ သည့် ကားနှင့် ထိပ်တိုက်တွေ့ဆုံကာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရှေ့ တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“နယ်မြေရှင်းလင်းရေးဝင်နေတုန်း ဟိုကောင်တွေပါတဲ့ ကားနဲ့ ထိပ်တိုက် တွေ့ တာ၊ စကစ အရာရှိရော၊ SNA အရာရှိတွေရော၊ ပျူခေါင်းဆောင်တွေရော သေ တယ်၊ လက်နက်လည်းရတယ်”ဟု သူကပြောသည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စ.ရ.ဖအရာရှိ မောင်ဇော်(ခ) မုတ် ဆိတ်၊ SNA တပ်သားစုဆောင်းရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ ဝင်းအောင်၊ SNA ဗိုလ် သက်စိုးနိုင်(ခ)သိန်းစိုးနိုင်၊ ပျူစောထီးခေါင်းဆောင် ငြိမ်းမောင်မောင်၊ ကျော် ထူး၊ မျိုးသူနှင့် အမည်မသိ ပျူစောထီးတစ်ဦး၊ စုစုပေါင်း၇ ဦးလုံးကို ရှင်းလင်း သုတ်သင်နိုင်ခဲ့‌ကြောင်း တမူးခရိုင်တပ်ရင်း(၁)က သတင်းထုတ် ပြန် သည်။

တိုက်ပွဲအပြီးတွင် (၄၀)မမ(၁)လက်နှင့် ၎င်းဗုံးသီး၁၄လုံး၊ M4-16၁လက်၊ AK-47 ၁ လက်၊ M-92 ၁လက်၊ 81 (၁)လက်၊9mmပစ္စတို၁လက်၊ 380 ပစ္စတို ၁ လက်၊ ကျည်အိမ် ၆ ခု၊ 7.62mm ကျည် ၉၅ တောင့်၊ 9mm ကျည် ၄ တောင့်၊ 380 ကျည် ၄ တောင့် နှင့် ဆက်သွယ်ရေးစကားပြောစက်၁လုံးတို့ကို ပြည်သူ့ကာ ကွယ် ရေး ပူးပေါင်း တပ်က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article